ကနီဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်နေ

ကနီဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်နေ

မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နဲ့ ကင်းစံပြကျေးရွာကြား မျှိုင်းလမ်းခွဲမှာ ကနီဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF- Kani) နဲ့ အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအကြား ဒီကနေ့ (မေလ ၂၂ ရက်နေ့) မနက် ၇ နာရီ ၁၅ မိနစ်လောက်က စတင်ပြီး တိုက်ပွဲဖြစ်နေတယ်လို့ PDF- Kani သတင်းပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကား ဆယ်စီးခန့် ပါဝင်ပြီး လက်ရှိအချိန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒီကနေ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကို သိရဖို့ ဒေသခံတွေနဲ့ PDF- Kani တပ်ဖွဲ့တာဝန်ရှိ သူတွေကို မဇ္ဈိမ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly