အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ရပ်တန့်ထားရေးနှင့်ပတ်သက်ပြီး ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်မည်

အီးယူ-တရုတ် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ရပ်တန့်ထားရေးနှင့်ပတ်သက်ပြီး ဥရောပပါလီမန်တွင် မဲခွဲဆုံးဖြတ်မည်
Photo: AFP

တရုတ်နှင့် အီးယူအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို ရှေ့ဆက်မတိုးဘဲ တရား၀င် ရပ်တန့်ထားစေရန် တွန်းအားပေးမည့် အဆိုပြုချက်တစ်ရပ်ကို ဥရောပပါလီမန်က မေလ ၂၀ ရက်တွင် အတည်ပြုဖွယ် ရှိနေသည်။ ယင်းမတိုင်မီ ယခုနှစ်အစောပိုင်းတွင် အီးယူ ဥပဒေပြုအမတ်များကို တရုတ်က အရေးယူပိတ်ဆို့မှုများ လုပ်ထားခဲ့ပြီး အဆိုပါ ပေကျင်း၏ အရေးယူပိတ်ဆို့မှုများသည် “အခြေအမြစ်မရှိဘဲ တစ်ဖက်သတ်ဆန်နေသည်” ဟု ဥရောပပါလီမန် အမတ်များက ပြောဆိုထားခဲ့ကြသည်။

POLITICO က ဖတ်ရှုခဲ့ရသည့် မူကြမ်းအဆိုပြုချက်တွင် တရုတ်ကို ကိုင်တွယ်ဆက်ဆံရန်အတွက် အမေရိကန်နှင့် ညှိနှိုင်းချိတ်ဆက်‌ဆောင်ရွက်မှုကို မြှင့်တင်လုပ်ဆောင်ရန် အီးယူကို တိုက်တွန်းမည်ဖြစ်သလို တစ်ချိန်တည်းမှာလည်းပဲ ထိုင်၀မ်နှင့်အကြား ကုန်သွယ်ရေးသဘောတူညီချက်တိုင်းသည် ပေကျင်းနှင့်အကြား သဘောတူညီချက်ကြောင့် ဓားစာခံအနေအထား မဖြစ်သင့်ကြောင်း အလေးပေးပြောမည်ဖြစ်သည်။

အကယ်၍ ယင်းကို အတည်ပြုနိုင်ခဲ့မည်ဆိုပါလျင် သဘောတူညီချက်သည် လအနည်းငယ်အချိန်ကာလအတွင်း အတည်ပြုလက်မှတ်ထိုးခြင်းလုပ်ငန်းစဥ်သို့ ရောက်ရှိနိုင်သည်ဆိုသည့် ကနဦး မျှော်လင့်ချက်များအတွက် ထိုမဲခွဲဆုံးဖြတ်မှုက နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်စေဖွယ် ရှိနေသည်။ ထိုသဘောတူညီချက်ကို ခုနှစ်ကြာ အချိန်ယူပြင်ဆင်ခဲ့ရပြီး တရုတ်စျေးကွက်ကို ဖွင့်လှစ်၀င်ရောက်ရန် ရည်ရွယ်ထားခဲ့သည်။

အကြီးဆုံးသော နိုင်ငံရေး အစုအဖွဲ့များက ထောက်ခံပေးထားခဲ့သည့် မူကြမ်းအဆိုပြုချက်အရ လက်ရှိအချိန်တွင် တရုတ်၏ အရေးယူပိတ်ဆို့မှုများ ရှိနေသည့်အတွက်ကြောင့် အီးယူ-တရုတ် ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် (CAI) နှင့်ပတ်သက်သည့် စဥ်းစားသုံးသပ်မှုမှန်သမျှနှင့် ယင်းကို အတည်ပြုလက်မှတ်ထိုးခြင်းနှင့်ပတ်သက်ပြီး ဥရောပပါလီမန်၏ ဆွေးနွေးမှုများကို သင့်တင့်လျောက်ပတ်စွာ ရပ်တန့်ထားရေးအတွက် တိုက်တွန်းရန် ပါလီမန်က မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

ထို့ပြင် CAI အတည်ပြုလက်မှတ်ထိုးခြင်း လုပ်ငန်းစဥ်၏ အပြီးသတ်ရလဒ်ကို ထိခိုက်နစ်နာစေခြင်း မရှိဘဲ တရုတ်ဘက်က CAI နှင့်ပတ်သက်ပြီး ကိုင်တွယ်မဖြေရှင်းခင် အရေးယူပိတ်ဆို့မှုများကို

ဦးစွာရုပ်သိမ်းရေးအတွက် ယင်းက တောင်းဆိုမည် ဖြစ်သည်။ ထို့ပြင် ဥရောပကော်မရှင်အနေဖြင့် CAI ကို ပြီးပြတ်စေခြင်းနှင့် လက်မှတ်ထိုးခြင်းအထိ သွားမည့် လုပ်‌ဆောင်ချက်များကို မလုပ်ဆောင်ခင် ပါလီမန်နှင့် တိုင်ပင်ဆွေးနွေးမည်ဟု ဥရောပပါလီမန်အမတ်များက မျှော်လင့်ထားသည်ဟု ယင်းက ပြောသည်။

“CAI နှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို တရုတ်ရှိ အရပ်ဘက်လူ့အဖွဲ့အစည်းကို ထောက်ပံ့ခြင်းနှင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ကာကွယ်ခြင်းကို တိုးတက်စေမည့် သြဇာအရှိန်အ၀ါ ကိရိယာတစ်ခုအဖြစ် အသုံးချရန် မူကြမ်းအဆိုပြုချက်ပါ စာပိုဒ်က ကော်မရှင်ကို တိုက်တွန်းမည်ဖြစ်သည်။

ရှင်ကျန်းဒေသရှိ အဓမ္မလုပ်သားခိုင်းစေမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ၀ီဂါအဓမ္မလုပ်သားခိုင်းစေမှု အသုံးပြုခြင်း အန္တရာယ်ကို ဖော်ထုတ်ခြင်းနှင့် အခြားအစားထိုး ထောက်ပံ့မှု ရင်းမြစ်များကို အရေးတကြီး ခွဲခြားဖော်ထုတ်မှုပိုင်းကို အထောက်အပံ့ပေးခြင်းဆိုင်ရာ ကုမ္ပဏီများအတွက် လမ်းညွှန်ချက်နှင့်အတူ ကော်မရှင်နှင့် ဥရောပ ပြည်ပရေးရာ လှုပ်ရှားဆောင်ရွက်ရေးဌာနက ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက် စီးပွားရေးအကြံပြုချက်ကို အမြန်ဆုံး အပြီးသတ်ရေး ယင်း၏ ပန်ကြားချက်ကို ပါလီမန်၏ အဆိုပြုချက်က ထပ်လောင်းပြောဆိုမည်ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသ၌ ထိန်းသိမ်းရေးကမ့်စခန်းများ ဖွင့်လှစ်မှုအတွက် တာ၀န်ရှိသည့် အရာရှိများအပေါ် အရေးယူဒဏ်ခတ်မှုများကို နိုင်ငံ ၂၇ နိုင်ငံပါ အီးယူအုပ်စုက အတည်ပြုခဲ့ပြီးနောက် တရုတ်သည် ဥရောပပါလီမန်အမတ် ငါးဦးနှင့် လူ့အခွင့်အရေး ကော်မတီခွဲတစ်ခုတို့ကို အရေးယူဒဏ်ခတ်မှု လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly