ယီမင်တောင်ပိုင်း မြို့နှစ်မြို့ကို အယ်လ်ခိုင်ဒါစစ်သွေးကြွများက သိမ်းပိုက်ထားဟုဆို

ယီမင်တောင်ပိုင်း မြို့နှစ်မြို့ကို အယ်လ်ခိုင်ဒါစစ်သွေးကြွများက သိမ်းပိုက်ထားဟုဆို

အေဒင်၊ ယီမင်၊ ဒီဇင်ဘာ - ၂ ။          ။ ဒေသခံများနှင့် ပြည်တွင်းတိုက်ခိုက်ရေးသမားများ၏ ဗုဒ္ဓဟူးနေ့တွင် ပြောကြားချက်အရ ယီမင်တောင်ပိုင်းမြို့ကြီးများဖြစ်သည့် ဇင်ဂျီဘာနှင့် လွန်ခဲ့သော၄နှစ်က စစ်သွေးကြွများလက်သို့ ခဏတာ ကျရောက်ခဲ့ဖူးသည့် ဂျားမြို့များကို အယ်လ်ခိုင်ဒါက ပြန်လည်သိမ်းပိုက်သွားခဲ့သည်ဟု ဆိုသည်။

ဒေသခံများ၏ ပြောကြားချက်အရ စစ်သွေးကြွများက ရုတ်တရက် တိုက်ခိုက်လာသောကြောင့် ပေါ်ပျူလာကော်မတီဟု လူသိများသည့် ပြည်တွင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သွေးကြွများက မြို့အဝင်များတွင် ကင်းစခန်းများထူထောင်ပြီး အရုဏ်ဘုရားဝတ်ပြုချိန်အပြီးတွင် နှစ်မြို့စလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသံချဲ့စက်များဖြင့် ကြေညာခဲ့သည်ဟု ဆိုသည်။

သမ္မတဟောင်း အလီ အဗ္ဗဒူလာ ဆာလက်ကို ဖြုတ်ချခဲ့သည့် အာရပ်နွေဦး ဆန့်ကျင်မှုများအတွင်း ဆင်းရဲသည့် နိုင်ငံအပေါ် အစိုးရ၏ အာဏာစက် အားနည်းဆုတ်ယုတ်သွားချိန်တွင် စစ်သွေးကြွများက တစ်စခန်းထ ရဲတင်းလာခဲ့ခြင်းပင် ဖြစ်သည်။ နောက် တစ်နှစ်ကျော်အကြာတွင် ယီမင်စစ်တပ်က စစ်သွေးကြွများကို မောင်းထုတ်နိုင်ခဲ့သေးသည်။

ယခုအကြိမ်တွင်မူ နိုင်ငံမှာ ဆာလက်ကို သစ္စာခံသည့် ရှီးယား ဟူသီသူပုန်များက သမ္မတ အဗ္ဗဒဲ ရက်ဘူ မန်ဆော ဟာဒီကို သစ္စာခံသည့် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့နှင့် တိုက်ခိုက်ရေး သမားများကို ဆန့်ကျင်ခုခံနေသည့် ရှည်လျားသည့် စစ်ပွဲအတွင်းသို့ ကျရောက်နေကာ အလွန်ပင် မတည်မငြိမ်ဖြစ်နေသည်။

အက်ဘယန်ပြည်နယ်မှ ပေါပျူလာကော်မတီ တိုက်ခိုက်ရေးသမားများ၏ အကြီးအကဲ အဗ္ဗဒူလာ အယ်လ် ဆာယတ်က တိုက်ခိုက်မှုကို တွန်းလှန်ရန် ကြိုးစားခဲ့ကြောင်းနှင့် အယ်လ်ခိုင်ဒါ၏ အကြံအစည်ကို အထက်အရာရှိများကို အသိပေးခဲ့သော်လည်း အကြောင်းမထူးခဲ့ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly