စီးပွားရေးစင်္ကြံစီမံကိန်းအတွက် ပါကစ္စတန်သို့ ဒေါ်လာ ၆ ဘီလျံ ထုတ်ပေးရန် တရုတ်တုံ့ဆိုင်းနေ

စီးပွားရေးစင်္ကြံစီမံကိန်းအတွက် ပါကစ္စတန်သို့ ဒေါ်လာ ၆ ဘီလျံ ထုတ်ပေးရန် တရုတ်တုံ့ဆိုင်းနေ

ကြွေးမြှီပမာဏ မြင့်တက်လာသောကြောင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်း (CPEC) အောက်ရှိ စီမံကိန်း လုပ်ငန်းကြီးတစ်ခုအတွက် အမေရိကန်ဒေါ်လာ ၆ ဘီလျံ ထုတ်ချေးမည့် အစီအစဉ်ကို တရုတ်အစိုးရက တုံ့ဆိုင်း လျှက်ရှိသည်။

Mainline-I (ML-I) ရထားလမ်းစီမံကိန်းအတွက် ကနဦးတွင် ဒေါ်လာ ၉ ဘီလျံ သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒေါ်လာ ၆ ဒသမ ၈ ဘီလျံသို့ တစ်ဖြည်းဖြည်း လျှော့ချခဲ့သည်။ ပါကစ္စတန်နိုင်ငံက ကြွေးမြီများကို ပြန်ဆပ်နိုင်ဖွယ်မရှိသည့် အခြေအနေအပေါ် တရုတ်အာဏာပိုင်များက စိုးရိမ်လျှက်ရှိသည်။

“စီမံကိန်းနဲ့ ပတ်သက်တဲ့ ငွေကြေးသုံးစွဲမှုကို ဆွေးနွေးဖို့ အစည်းအဝေးတစ်ရပ်ကို မတ်၃၀ ရက်က ပြုလုပ်ခဲ့ရာမှာ တရုတ်အစိုးရက အဆိုပါကြွေးမြှီနှင့်ပတ်သက်၍ စိုးရိမ်မှုကို ဖော်ပြခဲ့သည်” ဟု ပါကစ္စတန်အစိုးရှိများက အဆိုပါသတင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

အကြွေးအခြေအနေကို စောင့်ကြည့်နေကြောင်းနှင့် အလားအလာရှိသော စီမံကိန်းများအတွက် ကြွေးမြှီထပ်ယူရန် ကန့်သတ်ထားခြင်း မရှိကြောင်းလည်း ပါကစ္စတန် စီမံကိန်းကော်မရှင် ဒုဥက္ကဌ ဒေါက်တာ ဂျန်ဟန်ဇက်ခန်းက ပါကစ္စတန် သတင်းစာသို့ ပြောကြားသည်။

CPEC စီမံကိန်းအများအပြားတွင် တိုးတက်မှုမရှိသောကြောင့် မီဒီယာနှင့် ပြည်သူများက ပိုမိုစောင့်ကြည့်လျှက်ရှိလာပြီး အနာဂတ်လမ်းကြောင်းနှင့် စီမံကိန်းကြီးများတွင် ငွေကြေးထည့်ဝင်ရေးတို့အတွက် နှစ်နိုင်ငံအကြား အဆင်မပြေမှုများရှိလာခဲ့သည်။

နှစ်နိုင်ငံအကြား မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေး ရလဒ်များအရ ပါကစ္စတန်အနေဖြင့် CPEC အဆင့် ၂တွင် စီမံကိန်းများ ပိုမိုပါဝင်ရေး မျှော်လင့်ချက် နည်းပါးသွားကြောင်း Modern Diplomacy သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါသတင်းစာတွင် ဖော်ပြခဲ့သည့် အတွေးအမြင် ဆောင်းပါးတစ်ပုဒ်တွင် “ပါကစ္စတန်အနေနဲ့ ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ ကုန်ကျမယ့် Main Line-I စီမံကိန်းကို ပါကစ္စတန်ရဲ့ အဓိက အသက်သွေးကြော မီးရထားလမ်း အဖြစ် အဆိုပါ စီမံကိန်းအတွက် တရုတ်က ငွေကြေးထောက်ပံ့ရန် မျှော်လင့်ထားသော်လည်း တရုတ်အစိုးရက နောက်ထပ် ငွေထုတ်ပေးမယ် ကတိမပြုဖို့ ရှောင်ရှားနေပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required