ညဦးယံမှသည် အရုဏ်ဦးအထိ လောင်းလုံးက ကျေးရွာသပိတ်

09 May 2021
ညဦးယံမှသည် အရုဏ်ဦးအထိ လောင်းလုံးက ကျေးရွာသပိတ်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက အောက်ရေဖြူ၊ သဗြေရှောင်၊ မောင်းမကန်၊ ကမြောကင်း၊ နခံတော စသည့် ကျေးရွာသပိတ်စစ်ကြောင်းများဟာ မေလ ၈ ရက် နဲ့ ၉ ရက်နေ့ တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
အောက်ရေဖြူ၊ သဗြေရှောင်‌ ကျေးရွာသပိတ်စစ်ကြောင်းများက မေလ ၈ ရက်နေ့ညနေပိုင်းက ဆန္ဒထုတ်ခဲ့ကြပြီး၊ မောင်းမကန်၊ ကမြောကင်း၊ နခံတော ကျေးရွာသပိတ်စစ်ကြောင်းများကတော့ မေလ ၉ ရက်နေ့ မှာ အာရုဏ်ဦးသပိတ်ပြုလုပ်၍ ဆန္ဒပြခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly