အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း ၁ ခုကိုသိမ်းပိုက်နိုင်ခဲ့ဟု CDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း ၁ ခုကိုသိမ်းပိုက်နိုင်ခဲ့ဟု CDF ထုတ်ပြန်

မေ ၈

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ Chinland Defense Force ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 ဒီကနေ့ မေလ ၈ ရက်နေ့ မနက် ၁၁ ခွဲလောက်မှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲစခန်း (စစ်တပ်နှင့် ရဲပူးပေါင်း) ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

CDF – Hakha မှ ဝင်ရောက်စီးနင်းမှုကြောင့် အကြမ်းဖက် ရဲတပ်သားနှင့် စစ်သားများ အကုန်ထွက်ပြေးတာကြောင့် “သေနတ် တစ်ချက်မဖောက်လိုက်ရဘဲ သိမ်းနိုင်ခဲ့တာ” လို့ ဆိုပါတယ်။

အဆိုပါစခန်းကို အာဏာသိမ်းစစ်ကောင်စီတပ်တွေထပ်အခြေမချနိုင်အောင် မီးရှို့ဖျက်ဆီးလိုက်တယ်လို့လဲ သိရပါတယ်။

 ပြီးခဲ့တဲ့ လပိုင်းကလည်း မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တူမီးသေနတ်ကိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်သား ၃၀ လောက် သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ Chinland Defense Force ကို ချင်းပြည်နယ်ထဲက မြို့နယ် (၉) ခုနှင့် ပြည်နယ်ပြင်ပက ချင်းလူမျိုးတွေစုစည်းပြီး ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly