MMAဖိုက်တာ ဖိုးသော်ဆုံးပြီဆိုတဲ့သတင်းအမှား

07 May 2021
MMAဖိုက်တာ ဖိုးသော်ဆုံးပြီဆိုတဲ့သတင်းအမှား

ပြီးခဲ့တဲ့ မေလ ၅ရက်ညက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ Utopia Tower ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲ့ဒီ တာဝါမှာ ဖိုးသော်က MMAသင်တန်း နှင့် အားကစားခန်းမ (GYM)ဖွင့်ထားတာဖြစ်ပါတယ်။

MMA လက်ဝှေ့သမား ဖိုးသော်ဟာ ဗုံးပေါက်ကွဲမှုဒဏ်ကြောင့် မီးလောင်ဒဏ်ရာတွေကို မြောက်ဥက္ကလာဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေစဉ် စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

MMA ဖိုက်တာ ဖိုးသော်နဲ့ နီးစပ်သူ ၂ ဦးအထိကို မဇ္ဈိမက ဆက်သွယ်မေးမြန်းပြီး အတည်ပြုရာမှာ မေလ ၇ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်အထိ ဖိုးသော်ဟာ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ဆုံးပြီဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly