ရန်ကုန်၊ ဒီဇင်ဘာ ၁ ။ ။ အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းများနေ့တွင် ပရဟိတအသင်း များစုပေါင်းပြီး ရှမ်းပြည်နယ်မြောင်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများအတွက် ရံပုံငွေရှင်ဖွေသည့် အနေဖြင့် မျှော်စင်ကျွန်းတွင် ဈေးရောင်းပွဲတော် ပြုလုပ်မည်ဟု အွန်လိုင်းမိသားစုအဖွဲ့အစည်း (OFO)ခေါင်းဆောင် ကိုသူရနိုင်ကပြောသည်။
အွန်လိုင်းမိသားစုအဖွဲ့အစည်း (OFO), Cycle Charity,YGM စသည့်အဖွဲ့များ အပါအဝင် ပရဟိတအဖွဲ့ ၄၂ ဖွဲ့မှစုပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ရက နံနက် ၉ နာရီတွင် စတင်ရောင်း ချမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဈေးရောင်းပွဲတွင် ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကော်ပြန့်ကြော်၊ ဝက်သားတုတ်ထိုး၊ ကြက်သားတုတ်ထိုး စသည့်စားစရာများကို တစ်မျိုးလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် စောင်ရေနှစ်ထောင် ခန့်ရောင်းရန် စီစဉ်းထားပြီး လက်ရှိတွင် စောင်လေးရာ ရောင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ၎င်းလက်မှတ်များကို ပရဟိတအဖွဲ့များတွင် ဝယ်ယူလှူဒါန်းနိုင်ပြီး အဖွဲ့ဝင်များအနေဖြင့် လည်းနီးစပ်ရာနေရာများတွင် လိုက်လံရောင်းချလျက်ရှိကြောင်း ကိုသူရနိုင်ကဆက်လက်ပြောသည်။
ယခုလိုဈေးရောင်းပွဲတော်မှ ရရှိသောအမြတ်အားလုံးကို ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသွားမည်ဖြစ်ပြီး ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ၄ကြိမ်မြောက်အဖြစ်ပြု လုပ်ခြင်း ဖြစ်ကြောင်းသိရသည်။