မေ ၅
ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်ရှိ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် လာဖွင့်သွားတဲ့ မိုးကောင်းရတနာ(မိခင်နဲ့ ကလေး) ဆေးရုံသစ်ရှေ့မှာ မေလ ၄ ရက်နေ့ ညပိုင်းက ချိန်ကိုက်ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။
ည ၈ နာရီ ၅၅ မိနစ်လောက်မှာ တစ်လုံးနဲ့ ၉ နာရီ ၁၀ မိန်စ်လောက််မှာ တစ်လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှု ပြင်းအားကြောင့် အနီးအနားက လူနေတိုက်ခန်းတွေပါ တုန်လှုပ်သွားတယ်လို့ ဒေသခံတစ်ဦးက မဇ္စျိမကို အတည်ပြုပြောပြပါတယ်။
အဲဒီချိန်ကိုက်ဗုံးဟာ မိုးကောင်းရတာနာဆေးရုံဝင်ပေါက် Gate1 နဲ့ Gate 2 ရှေ့မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထိခိုက််မှု အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ထိုဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီလက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။