ပြည်ပရောက်မြန်မာများ  တောင်ကိုရီးယားလွှတ်တော်အမတ်များ နှင့် တွေ့ဆုံဆွေးနွေး 

ပြည်ပရောက်မြန်မာများ  တောင်ကိုရီးယားလွှတ်တော်အမတ်များ နှင့် တွေ့ဆုံဆွေးနွေး 

မေ ၄

မြန်မာ့အရေး အတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကမေလ ၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက်ပိုင်းက မြန်မာ့အရေးနှင့်ပတ်သက်ပြီး တောင်ကိုရီးယားလွှတ်တော် အမတ်များ နှင့် တွေဆုံ ဆွေးနွေးခဲ့ပါတယ်။ 

“ မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တောင်ကိုရီးယားလွှတ်တော်အမတ်တွေနဲ့ တွေဆုံဆွေးနွေးတာပါ။ လွှတ်တော်ထဲမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဆိုတင်သွင်းမယ့်အကြောင်း တွေကို အဓိကဆွေးနွေးခဲ့ကြတာပါ “ ဟု မြန်မာနိုင်ငံအရေးလှုပ်ရှားသောအဖွဲ့များက ဆိုသည်။

လွှတ်တော်အမတ်များနှင့် တွေဆုံဆွေးနွေးရာ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရေး၊ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်များနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ အရေးယူမှုများလုပ်ဆောင်နိုင်ရေး၊ နိုင်ငံတစ်ကာမှ ပိုမိုဖိအားပေးကူညီနိုင်ရေး ၊ ကိုရီးယားနိုင်ငံမှ ကူညီထောက်ပံနိုင်ရေးကို လွှတ်တော်အမတ်များမှ ဝိုင်းဝန်းပံပိုးပေးနိုင်ရေး ၊ ကိုရီးယား၅လပိုင်း၁၈ရက်နေ့ အထိမ်းအမှတ် အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများမှလည်း ကူညီပေးနိုင်ရေး စသည်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံအရေးလှုပ်ရှားသောအဖွဲ့များထဲမှ ကိုယ်စားလှယ် (၅)ဦးနှင့် တောင်ကိုရီးယားလွှတ်တော်အမတ်များ တွေ့ဆုံခဲ့ပြီး ရှေ့ဆက်မယ့် လှုပ်ရှားမှုတွေ နဲ့ ကိုရီးယားလွှတ်တော်မှာ မြန်မာ့ အရေးနဲ့ ပတ်သတ်ပြီး အဆိုတင်သွင်းမယ့် အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required