ကိုဗစ်-၁၉ အကျပ်အတည်း ကြုံနေသည့် အိန္ဒိယသို့ ယူကေက အသက်ရှုစက်အလုံး ၁,၀၀၀ ထပ်မံပေးပို့

ကိုဗစ်-၁၉ အကျပ်အတည်း ကြုံနေသည့် အိန္ဒိယသို့ ယူကေက အသက်ရှုစက်အလုံး ၁,၀၀၀ ထပ်မံပေးပို့
Photo - AFP

မေ ၃

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အကျပ်အတည်းနှင့် ကြုံတွေ့နေရသည့် အိန္ဒိယနိုင်ငံသို့ အောက်ဆီဂျင်အသက်ရှုစက်အလုံးပေါင်း ၁,၀၀၀ ထပ်မံပေးပို့ရန် လုပ်ဆောင်နေကြောင်း ယူကေက မေလ ၂ ရက်တွင် ပြောသည်။

တစ်ချိန်တည်းမှာပင် ဆရာ၀န် အဖွဲ့တစ်ဖွဲ့ကလည်း ဗြိတိန်ကနေတဆင့် အွန်လိုင်းပေါ်က ဆေးခန်းပြခြင်း (telemedicine) ၀န်ဆောင်မှုကို ကမ်းလှမ်းရင်း အကူအညီပေးရန် လုပ်ဆောင်လျက် ရှိသည်။

ဗြိတိန် အာဏာပိုင်များသည် အိန္ဒိယနိုင်ငံဆီကို အောက်ဆီဂျင်ပေးစက် ၄၉၅ လုံးနှင့် အသက်ရှုစက် အလုံး ၂၀၀ ပေးပို့ပေးထားပြီး ဖြစ်သည်။

အိန္ဒိယသည် လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်မှုနှင့် ရင်ဆိုင်နေရသည်။

အိန္ဒိယရှိ အပြင်းထန်ဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသူများကို ကူညီအသက်ကယ်တင်ရန်အတွက် အိန္ဒိယဆေးရုံများအတွက် ဗြိတိန်ထံမှ နောက်ထပ် အသက်ရှုစက်အလုံး ၁,၀၀၀ ထပ်မံ ရောက်ရှိတော့မည်ဖြစ်သည်။

“ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆိုး၀ါးတဲ့ မြင်ကွင်းတွေကို အိန္ဒိယမှာ တွေ့မြင်ထားခဲ့ရတယ်၊ ယူကေ ပြည်သူပြည်သားနဲ့ အိန္ဒိယ ပြည်သူတွေဆိုတာ နှစ်ဘက်အကြား နီးကပ်ပြီး ခိုင်မြဲတဲ့ ဆက်ဆံပတ်သက်မှု ရှိထားခဲ့ပါတယ်၊ အဲဒီအတွက်ကြောင့်လည်း တကယ်လိုအပ်နေတဲ့အချိန်မှာ အိန္ဒိယအတွက် အကူအညီပေးဖို့ ယူကေဘက်က အမြဲအသင့်ရှိပါတယ်” ဟု ဗြိတိန်၀န်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly