အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၄ ယောက်သေဟု CDF အတည်ပြု

အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၄ ယောက်သေဟု CDF အတည်ပြု

မေ ၂

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟားခါး) တို့ရဲ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၄ ယောက်သေတယ်လို့  Chinland Defense Force (CDF) ကအတည်ပြုပါတယ်။

“ မတူပီဘက်ကဝင်လာတဲ့ စစ်ကောင်စီရဲ့လုံခြုံရေးဂိတ်ရှိတယ်။ အဲ့ဂိတ်မှာ ၇ ယောက်ရှိတယ်။ အဲ့ဂိတ်ကို ကျွန်တော်တို့ CDF ကနေပစ်လိုက်တယ်။ အဲ့မှာ ၄ ယောက်ဒဏ်ရာအပြင်းအထန်ရသွားတယ်။ သေတယ်လို့တော့ ပြောလို့ရတာပေါ့နော်။ တစ်ယောက်တော့ ပွဲချင်းသေသွားတယ်။ ကျွန်တော်တို့ဘက်ကတော့ လောလောဆယ်အချိန်ထိ ထိခိုက်မှုမရှိသေးပါဘူး ” လို့  CDF တာဝန်ရှိသူတစ်ယောက်က မဇ္ဈိမကို မေလ ၂ ရက်နေ့ ၈ နာရီခွဲလောက်မှာ ပြောပါတယ်။

ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်မှာ ယနေ့ည ၇ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီနှင့် CDF-Hakha (သို့မဟုတ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) တို့တိုက်ပွဲဖြစ်နေတာပါ။

သ တင်းရေးသားချိန်အထိ ပစ်ခတ်နေကြတုန်းဖြစ်ပြီး အရပ်သားတွေအနေနဲ့ သွားလာမှုရှောင်ကြဉ်ကြဖို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required