လောင်းလုံးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး

30 April 2021
လောင်းလုံးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ထဲက လေးသွန်းခံ၊အောက်ရေဖြူ ကျေးရွာသပိတ်စစ်ကြောင်းများဟာ ဧပြီလ ၃၀ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်မှု မှာ လေးသွန်းခံ‌ကျေးရွာ သပိတ်စစ်ကြောင်းကတော့ အာရုဏ်ဦးသပိတ် ပြုလုပ်ပြီး၊အောက်ရေဖြူကျေးရွာသပိတ်စစ်ကြောင်းကတော့ မနက် ရှစ်နာရီလောက်ကစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများနဲ့ လမ်းမပေါ် ထွက်လာကြတာကို တွေ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly