တမူးမြို့မှာ CDM ဝင်လာတဲ့ စစ်သားတစ်ယောက်ကျဆုံးခဲ့တယ်လို့ TSG ထုတ်ပြန်

တမူးမြို့မှာ CDM ဝင်လာတဲ့ စစ်သားတစ်ယောက်ကျဆုံးခဲ့တယ်လို့ TSG ထုတ်ပြန်

ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ CDM ဝင်ရောက်နေတဲ့ စစ်သားတစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၇ ရက်ညပိုင်းမှာ ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တယ်လို့ တမူးမြို့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (TSG) ကထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်လို့ တမူးမြို့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (TSG) ရဲ့တာဝန်ရှိတဲ့သူတွေဆီ မဇ္ဈိမကဖုန်းနဲ့ ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

“ TSG အတွက် အထောက်အကူအများအပြားရခဲ့‌တဲ့အဆိုပါ CDM စစ်သား (ကို‌ကို - နာမည်လွှဲ) ဟာ ဖမ်းစီးခံရချိန်မှာ မိမိတို့ လျှို့ဝှက်ချက်တွေကို မေးမြန်းခံရကောင်းခံရနိုင်ပေမဲ့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသည်မှ အသေအချာအမှန်ပါ” လို့လည်း TSG ကထုတ်ပြန်ထားပါတယ်။

CDM စစ်သား (ကို‌ကို - နာမည်လွှဲ) ဟာဘယ်လိုမျိုးစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်ဆိုတာကိုတော့ တိတိကျကျ ပြောဆိုထားတာမရှိပါဘူး။ 

ဒီ့အပြင် တမူးမြို့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (TSG) ရဲ့ တပ်စိပ် ဌာနေကိုလည်း အကြမ်းဖက်စစ်တပ်က ဝင်စီးဒီညမှာပဲဝင်စီးခဲ့သေးတယ်လို့သိရပါတယ်။

ဧပြီ ၂၇ ရက်နေ့ည ၁၁ နာရီအထိ တမူးမြို့အခြေအနေကတော့ ကုလားစခန်း တမူးမြို့ပြင်ဘက်မှာ ပစ်ခတ်ခြင်းရှိသလို မြို့ထဲတွင်လည်း ပစ်ခတ်ခြင်းရှိနေကြောင်း TSG ကရေးသားထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly