မင်းတပ်မြို့အနီးမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေတင်ထားတဲ့ ကားသုံးစီးနဲ့ လိုက်လံပစ်ခတ်နေ

မင်းတပ်မြို့အနီးမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေတင်ထားတဲ့ ကားသုံးစီးနဲ့ လိုက်လံပစ်ခတ်နေ
Photo - CHRO

ဧပြီ ၂၇

ဒီကနေ့ ဧပြီလ (၂၇) ရက်က မင်းတပ်နယ်နဲ့ မကွေးတိုင်းနယ်စပ်အကြားမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေတင်ထားတဲ့ ကားသုံးစီးနဲ့ လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"စစ်ကောင်စီဘက်က လက်နက်ကြီးတွေ သုံးနေကြတယ်၊ မင်းတပ်နယ်နဲ့ မကွေးတိုင်းနယ်စပ်ကြားမှာဖြစ်တာပါ၊လောလောဆယ် နှစ်ဖက်ဒဏ်ရာရဘာညာတော့မကြားရသေးဘူလို့" ရှေ့တန်းက တိုက်နေတဲ့ပြည်သူတွေဆီက သိရပါတယ်။

မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့တဲ့ မင်းတပ်မြို့မှာ  ဒီကနေ့မနက် ၉ နာရီခန့်က   အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က  စစ်ကူတွေထပ်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က  စောင့်ကြည့်နေတဲ့ သူတွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေဖြစ်ကြတာလို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly