နေပြည်တော်၊နိုဝင်ဘာ၂၇ ။ ။ အစိုးရအနေဖြင့် အိမ်ယာများဖွံ့ဖြိုးရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး တွင် ၅၂၇ လုံး နှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များ၌ ၃၁ လုံးတည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ တည်ဆောက်ဆဲ အဆောက်အဦး(၅၅၈)လုံးတွင် တန်ဖိုးသင့်၊တန်ဖိုးနည်း၊တန်ဖိုးမြင့်အိမ် ရာ များဝင်ပြီး အားလုံးတည်ဆောက်ပြီးဆီးပါက တန်းဖိုးသင့်အခန်းရေအတွက်(၆၈၂၉)ခန်း၊တန်ဖိုးနည် အခန်အ ရေအတွက်(၁၁၁၆၀)ခန်းနှင့် တန်းဖိုးမြင့်အခန်းအရေအတွက်(၄၃၈၂)ခန်းရရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန သိရသည်။
“တန်ဖိုးနည်းအိမ်ရာ၊တန်းဖိုးသင့်အိမ်ရာ၊တန်ဖိုးမြင့်အိမ်ရာတွေ ဒီလိုဟာတွေကိုတည်ဆောက်ပြီးတော့ အငှားချတာလည်းရှိမယ်၊အပြတ်ရောင်းချတဲ့စနစ်လဲရှိမယ် ပြီးရင် အရစ်ကျပေချေစနစ်နဲ့ ကျွန်တော်တို့မှာဘဏ် နဲ့ချိတ်ဆက်ပြီတော့ ရောင်းတာရှိမယ်“ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဆောက်ရွက်ဆဲ အိမ်ရားစီမံကိန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိကဆောက်လုပ် ရေးကုမ္မဏီများနှင့် အကျိုးတူတည်ဆောက်လျှက်ရှိကြောင်းသိရပြီး အဆောက်အဦးအလုံးရေ (၃၀၀)ရောကျော် သည် မြေပြင်ရှင်းလင်းမှု ပြီးစီးသည့် အဆင့်သာရှိသေးကြောင်းယင်းဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။