ပါကစ္စတန်၏ ခရီးသွားလုပ်ငန်းတစ်ခုတည်းမှပင် ဝင်ငွေအများအပြားရနိုင်ကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းပြောကြား

ပါကစ္စတန်၏ ခရီးသွားလုပ်ငန်းတစ်ခုတည်းမှပင် ဝင်ငွေအများအပြားရနိုင်ကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းပြောကြား

ပါကစ္စတန်၏ ခရီးသွားကဏ္ဍ အလားအလာကြီးမားသောကြောင့် အစိုးရအနေဖြင့် တိုင်းပြည်ဝင်ငွေနှင့် အလုပ်အကိုင် ရရှိရေးတို့အတွက် အစိုးရက ယင်းလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ် အီမရန်ခန်းက ဧပြီ ၂၃ ရက်က ပြောကြားလိုက်သည်။

“အခြေခံအဆောက်ဦ ကဏ္ဍကို မွမ်းမံ ပြင်ဆင်ခြင်း၊ ဧည့်သည်တွေအတွက် နေရာထိုင်ခင်းတွေ စီစဉ်ပေးမယ်ဆိုရင် ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းကနေပဲ တိုင်းပြည်ဝင်ငွေ အများအပြား ရနိုင်ပါတယ်” Ehsaas စကောလားရှစ်နှင့် KamyabJawan အစီအစဉ်များ၏ ချက်လက်မှတ် ဖြန့်ဝေပေးသည့် အခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောကြားသည်။

တောင်ကုန်းအပန်းဖြေစခန်းမော်ရေးတွင် Kohsar တက္ကသိုလ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် ဝန်ကြီးချုပ် ခန်းက ကမ္ဘာ့အဆင့်မီ အဆိုပါ တက္ကသိုလ်သည် ဟိုတယ်စီမံခန့်ခွဲရေးနှင့် ခရီးသွားလုပ်ငန်းအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများအား ပြည်တွင်း ကျောင်းသားများအား သင်ကြားပေးရာတွင် အရေးပါလာမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆင့်မြင့် သင်ကြားမှု မရရှိဘဲ မည်သူမျှ မတိုးတက်နိုင်သောကြောင့် နိုင်ငံဖွံ့ဖြိုးရေးတွင် ပညာရေးသည် အဓိကကျကြောင်းလည်း အီမရန်ခန်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက်က ကိုယ်ပိုင်အသုံးပြုရန် ရူပီး သန်း ၈၃၀ သုံးစွဲ၍ ပန်ဂျပ်အိမ်တော်ကို အလှဆင်ခဲ့သော်လည်း ယင်းအိမ်တော်အား ကမ္ဘာလှည့်ခရီးသည်များအတွက် ဖွင့်လှစ်ပေးထားသည်။

ပါကစ္စတန်၏ မြောက်ပိုင်း ဧရိယာများ၊ သဲကန္တာရများနှင့် ဘလိုချီစတန်နယ်မြေများတွင် ကမ္ဘာလှည့်ခရီးသည်များ သွားလာရန် နေရာအများအပြားရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

ကိုဗစ်ရောဂါ ပြီးဆုံးသွားသည့်နောက်ပိုင်း ပြည်တွင်းခရီးသွားလုပ်ငန်း ၂ ဆခန့်တိုးတက်လာပြီး ကမ္ဘာအနှံ့မှ ခရီးသွားများ ပါကစ္စတန်သို့ လာရောက်ကြမည်ဟုလည်း ခန်းက ပြောသည်။

ပါကစ္စတန် မြောက်ပိုင်းဒေသ၏ အရွယ်အစား တစ်ဝက်သာရှိသော်လည်း ယင်းကဲ့သို့ ရင်သပ်ရှုမောဖွယ်ရာ သဘာတအလှများမရှိသည့် ဆွစ်ဇာလန်နိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တစ်ခုတည်းမှပင် တစ်နှစ်လျှင် ဒေါ်လာ ၆၀ မှ ၈၀ ဘီလျံ အထိ ရရှိနေကြောင်း ၎င်းက ပြောကြားသည်။

ယခင်အစိုးရများသည် လှပသော မော်ရေးအပန်းဖြေစခန်းကို အနားယူအပန်းဖြေရန်အတွက်သာ အသုံးပြုခဲ့ပြီး ယင်းနေရာတွင် ဆေးရုံကောင်းကောင်း တစ်လုံးပင် ဆောက်လုပ်ခဲ့ခြင်းမရှိကြောင်း၊ ၎င်း၏ အစိုးရအနေဖြင့် ဆေးရုံတစ်လုံးကို ဆောက်လုပ်ပြီ ဖြစ်ကြောင်း ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly