မြန်မာနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သီရိလင်္ကာငါးဖမ်းသမားများကို ယနေ့ နေရပ်ပြန်ပို့မည်

မြန်မာနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သီရိလင်္ကာငါးဖမ်းသမားများကို ယနေ့ နေရပ်ပြန်ပို့မည်

ဧပြီ ၂၃

မကြာသေးခင်က မြန်မာနိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သီရိလင်္ကာ ငါးဖမ်းသမား ၁၂ ဦးသည် ယခုအခါ ပြန်လည်လွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့ကို ယနေ့ ဧပြီ ၂၃ ရက်တွင် မူလနိုင်ငံသို့ ပြန်လည်ခေါ်‌ဆောင်နိုင်ရေး လုပ်ဆောင်ထားကြောင်း သီရိလင်္ကာ နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောသည်။

သီရိလင်္ကာ နိုင်ငံခြားရေး၀န်ကြီးဌာနသည် အဆိုပါ ဖမ်းဆီးခံ ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်များနှင့်အကြား ဆွေးနွေးမှုအချို့ လုပ်ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါ ငါးဖမ်းသမားများသည် ယနေ့တွင် စင်ကာပူလေကြောင်းလိုင်း လေယာဥ်အမှတ် SQ761 ဖြင့် ရန်ကုန်ကနေ စင်ကာပူသို့ ထွက်ခွာမည်ဖြစ်ပြီး ထိုမှတဆင့် စင်ကာပူလေကြောင်းလိုင်း လေယာဥ်အမှတ် SQ468 ဖြင့် စင်ကာပူမှ ကိုလံဘိုသို့ ထွက်ခွာမည်ဖြစ်သည်။

အဆိုပါ ငါးဖမ်းသမားများသည် ၂၀၂၁ ခုနှစ် ဇန်န၀ါရီလက Trincomalee မြို့ ငါးဖမ်းဆိပ်ကမ်းကနေတဆင့် ငါးဖမ်းထွက်ရန် ထွက်ခွာခဲ့ကြပြီး ထို့နောက် ပင်လယ်ရေကြောင်း နယ်နမိတ် ချိုးဖောက်မှုအတွက် ဖေဖေါ်၀ါရီလတွင်  မြန်မာရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ယင်းနောက်ပိုင်း ငါးဖမ်းသမားများကို မြန်မာတရားရုံးတစ်ခုက ချုပ်မိန့်ပေးခဲ့သည်။

ထို့နောက် အဆိုပါ ငါးဖမ်းသမားများ ပြန်လည်လွတ်မြောက်ရေးနှင့် နေရပ်ပြန်ရေးအတွက် သီရိလင်္ကာနိုင်ငံခြားရေး၀န်ကြီးဌာနက မြန်မာနှင့်အကြား ဆွေး‌နွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပြီး ယခုအခါ အဆိုပါ ငါးဖမ်းသမားများကို နေရပ်ပြန်ပို့ရန် စီစဥ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly