စစ်ကား ၈ စီးလောက်ဝင်လာလို့ တလုပ်မြို့၊  မြို့မကျေးရွာကလူတွေထွက်ပြေးနေရ

စစ်ကား ၈ စီးလောက်ဝင်လာလို့ တလုပ်မြို့၊  မြို့မကျေးရွာကလူတွေထွက်ပြေးနေရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နဲ့ ၅ မိုင်ခန့်ကွာဝေးတဲ့ တလုပ်မြို့ထဲက မြို့မကျေးရွာထဲကို အကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေက ညနေ ၅နာရီလောက်မှာ စစ်ကား ၈ စီးလောက်နဲ့ အင်အားသုံးဝင်ရောက်ခဲ့ပါတယ်။

မြို့မကျေးရွာအဝင်ဝမှာ အရင်တည်းက ကာရံထားတဲ့ တံခါးနှစ်ခုရှိပြီး အကြမ်းဖက်စစ်တပ်က အင်အားသုံးဝင်ပေမယ့် ပထမ တံခါးကိုသာဖြတ်လို့ရခဲ့ပါတယ်။

ဒုတိယ တံခါးကိုဖျက်ပြီးအဝင်မှာ ရွာသားတွေဘက်ကပြန်ခုခံတာကြောင့် စစ်တပ်ဘက်ကပြန်ဆုတ်ခဲ့ပြီး ရွာအဝင်ဝက နေအိမ်တချို့ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပစ္စည်းတွေကိုယူဆောင်သွားတယ်လို့သိရပါတယ်။

အဲ့လိုပြန်အဆုတ်မှာ  မဲမဲမြင်ရာပစ်ခတ်သွားပြီးတော့ လမ်းမှာတွေ့တဲ့ လူ ၅ ယောက်ကို အကြမ်းဖက်စစ်တပ်က ခေါ်ဆောင်သွားပါတယ်။

ဒါပေမယ့် ဘယ်သူ၊ ဘယ်ဝါပါသွားတယ်ဆိုတာကိုမသိရဘဲ၊ နှစ်ဘက်အထိအခိုက်စရင်းကိုလည်း မသိရသေးပါဘူး။

နောက်ဆက်တွဲအနေနဲ့ကတော့ တလုပ်မြို့ထဲက မြို့မကျေးရွာမှာရှိတဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်အနည်းဆုံး ဦးရေ ၁၀၀ လောက် ညတွင်းချင်းပဲ ရွာကနေထွက်ခွာပြီး တိန်းရှောင်နေရပါပြီ။

ဒါပေမယ့် ဘာအကြောင်းကြောင့် ဒီလိုဝင်ရောက်လာတယ်ဆိုတာကိုတော့ မဇ္ဈိမက အတည်မပြုနိုင်တာကြောင့် ဆက်လက်စုံစမ်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly