ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ခံထားရတဲ့ သရုပ်ဆောင်ဇင်ဝိုင်းနဲ့ အဆိုတော် ပိုပိုတို့ဟာ ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ သူတို့နေထိုင်ရာ နေရာအသီးသီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
“ဒီနေ့ ညနေ ၃ နာရီကပဲ မပိုပိုကို ရဲတွေ၊ စစ်သားတွေက တအိမ်လုံးကို စစ်ပြီး လာဖမ်းသွားလို့ ပါသွားပါပြီ”လို့ အဆိုတော် ပိုပိုရဲ့ မန်နေဂျာဖြစ်သူက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ပြည်သူ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်လာစေဖို့လှုံဆော်ပြီး ဆန္ဒပြပွဲတွေမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့ သရုပ်ဆောင် ဇင်ဝိုင်းကိုလည်း တက္ကသိုလ်ရိပ်မွန် အိမ်ရာမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ နာမည်ကျော်ကြားပြီး လူမှုကွန်ယက်မှာ လူသိများတဲ့သူတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့နေ့စဉ် အမှုဖွင့် အရေးယူတာကို ခံနေရတာလဲ ဖြစ်ပါတယ်။