နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စစ်ကောင်စီက တရားစွဲထားပေမယ့် ကုလသမဂ္ဂဘက်ကတော့ သူ့ကို ဆက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA ကိုပြောပါတယ်။ ကုလသမဂ္ဂမှာ စစ်ကောင်စီရင်ဆိုင်နေရတဲ့ သံခင်းတမန်ခင်း၊ မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ အရေးပေါ်အစည်းအဝေး ခေါ်ယူနိုင်ခြေရှိမရှိ စတာတွေကို မအင်ကြင်းနိုင်က ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။