ဒီတပတ်ရဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ ထူးခြားတဲ့ တောင်တန်းတခုဆီကို သွားရအောင်ပါ။ ပီရူးနိုင်ငံက တောင်တန်းတခုဟာ ထူးထူးခြားခြား အရောင်စုံရှိနေတဲ့အတွက် သက်တန့်တောင်လို့ ခေါ်ကြပြီး ခရီးသွားဧည့်သည်တွေအများအပြားလာရောက်ကြပါတယ်။ မစုမြတ်မွန်နဲ့အတူ သွားကြည့်ရအောင်ပါ။