လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည့် ဖားကန့်မြေပြိုမှုအတွက် တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက မြန်မာနိုင်ငံသို့ ဝမ်းနည်းကြောင်း သတင်းစကား ပေးပို့သည်။
ကျောက်စိမ်းတူးဖော်ရာမှ ထွက်ရှိမြေစာများ စုပုံထားရာမှ မီတာ ၆၀ မျှမြင့်သည့် မြေစာတောင်ပုံကြီးဖြစ်နေရာ အောက်ခြေတွင် ယာယီတဲများထိုးနေနေကြသည့် ကျောက်သမားများ အိပ်ပျော်နေစဉ် မြေပြိုမှုဖြစ်ရာ တဲများကို မြေမြုပ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
နိုဝင်ဘာ ၂၃ ရက် နံနက်တွင် မြေစာများအောက်က အလောင်းများကို အာဏာပိုင်များက ရှာဖွေရေးများလုပ်ဆောင်ပြီး ပြည်တွင်းသတင်းများတွင်လည်း ပျောက်ဆုံးနေသူပေါင်း တစ်ရာကျော်ထက်မနည်းရှိကြောင်း ဖော်ပြထားသည်။
"မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူများထံ ဝမ်းနည်းကြောင်း ဖော်ပြအပ်ပါတယ်။"ဟု သမ္မတဇူးမားက သတင်းစကားပေးပို့ခဲ့ကြောင်း သမ္မတရုံးက ပြောသည်။
"ကျွန်တော်တို့လည်း ကချင်ကျောက်စိမ်းတွင်းက မြေပြိုမှု သဘာဝဘေးနောက်ပိုင်း မြန်မာပြည်သူများတွင် ဖြစ်ပေါ်ခံစားရသည့် အတိုင်းရှိပါတယ်။ တောင်အာဖရိကအစိုးရနဲ့ ပြည်သူတို့ ကိုယ်စား မြန်မာနိုင်ငံ အစိုးရနဲ့ မြေပြိုမှုဘေးကြုံခဲ့ရသူများ၊ မိသားစုဆွေမျိုးများ၊ ထိခိုက်ဒဏ်ရာရသူ၊ ပျောက်ဆုံးသူများထံ ဝမ်းနည်းကြောင်း ဖော်ပြလိုပါတယ်။"ဟု သမ္မတဇူးမားက ပေးပို့ခဲ့သည်။