ရွေးကောက်ပွဲဥပဒေနှင့် ပတ်သက်ပြီး တရုတ်နှင့် ဟောင်ကောင်အရာရှိ ၂၄ ဦး ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်

ရွေးကောက်ပွဲဥပဒေနှင့် ပတ်သက်ပြီး တရုတ်နှင့် ဟောင်ကောင်အရာရှိ ၂၄ ဦး ကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်

မတ် ၂၀

အလတ်စကာတွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအန်တိုနီဘလင်းကင်းနှင့် ထိပ်တန်းတရုတ်သံတမန်များ တွေ့ဆုံဆွေးနွေးပွဲ မတိုင်မီတွင် ဟောင်ကောင်၏ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲခြင်းအားဖြင့် “ဒီမိုကရေစီအပေါ်လက်ရောက်စော်ကားမှု”အတွက် တရုတ်နှင့် ဟောင်ကောင်အရာရှိ ၂၄ ဦး ကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်ခဲ့သည်။

ဗြိတိန်ကိုလိုနီဟောင်းဖြစ်သည့် ဟောင်ကောင်အား ဖိနှိပ်မှုများပြုလုပ်ရာတွင် သက်ဆိုင်သည့်တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင် ၂၅ ဦး ရှိသည့် ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဝမ်ချန်းနှင့် အရေးကြီးသည့် ဆုံးဖြတ်ချက်ချမှတ်သည့်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ (NPC) တွင် ဟောင်ကောင်၏ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်သူ တမ်ယုချွန်း တို့အား ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်မှုများပြုလုပ်မည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က နှစ်ပတ်လည်ပါလီမန်အစည်းအဝေးတွင် NPC က ဟောင်ကောင် ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများကို စိစစ်ပြီး၊ အတိုက်အခံများ၏ ဝေဖန်မှုများကို ထိထိရောက်ရောက် ဖယ်ရှားရန်အတွက် တရုတ်အစိုးရက ထိန်းချုပ်ထားသော သီးခြားကော်မတီအား လုပ်ပိုင်ခွင့်ပေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအမတ်များ၏ အချိုးအစားလည်း လျော့နည်းသွားမည်ဖြစ်သည်။
"ဟောင်ကောင်ဒီမိုကရေစီအပေါ် တိုက်ခိုက်မှု" ဟု ခေါင်းစဉ်တပ်ထားသော ကြေညာချက်တစ်ခုကို မတ်လ ၁၇ ရက်တွင် ထုတ်ပြန်လိုက်ပြီး   ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ်ကို တရုတ်အစိုးရက တစ်ဖက်သတ် အားနည်းအောင် နောက်ဆုံးလုပ်ဆောင်မှုအား ကျွန်ုပ်တို့က နက်ရှိုင်းစွာ စိုးရိမ်ပူပန်သောကြောင့် ပိတ်ဆို့မှုအသစ်များကို ချမှတ်ခြင်းဖြစ်ကြောင်း ဘလင်ကန်က ပြောကြားခဲ့သည်။
"ဒီလုပ်ဆောင်မှုက ဟောင်ကောင်ကလူတွေအတွက် ကတိပေးထားတဲ့ မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်ကို ထပ်မံအားနည်းစေပြီး  သူတို့အစိုးရနဲ့ ပတ်သက်ပြီး ဟောင်ကောင်သားတွေရဲ့ ဝေဖန်မှုကို ငြင်းပယ်လိုက်ခြင်းက တရုတ် - ဗြိတိန်ပူးတွဲကြေညာချက်ကို ဖောက်ဖျက်လိုက်ခြင်းဖြစ်ကြောင်း  ဗြိတိန်က ကြေညာထားတယ်"  ဟု ဘလန်ကင် က ဆိုခဲ့သည်။ ၁၉၈၄ ခုနှစ်ကြေညာချက်က ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်လွှဲပြောင်းမှုအတွက် "တစ်နိုင်ငံ၊ စနစ်နှစ်မျိုး" မူဘောင်ကို ချမှတ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက ဟောင်ကောင်ပြည်သူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထုတ်ဖော်ပြောဆိုရာတွင် ကျွန်ုပ်တို့၏မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူတကွရပ်တည်ခဲ့ကြောင်းနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံက တာဝန်ဝတ္တရားများကိုပျက်ကွက်ပါက ၎င်းတို့အနေဖြင့် တုန့်ပြန်ရမည်ဟု ဆိုခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်ကထိပ်တန်းစက်မှုနိုင်ငံများဖြစ်သော ဂျီ-၇ အုပ်စုက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်ရှိ ရွေးကောက်ပွဲစနစ်၏ ဒီမိုကရေစီဆိုင်ရာအခရာကျသောအချက်များကို အခြေခံ ကျကျတွန်းလှန်ရန် တရုတ်၏ ဆုံးဖြတ်ချက်သည် ၎င်းတို့အား အလွန်အမင်းစိုးရိမ်မှုဖြစ်စေသည်ဟု ဖော်ပြခဲ့သည်။

ယင်းဒဏ်ခတ်ပိတ်ဆို့မှုတွင် NPC အမြဲတမ်းကော်မတီ၏ ဒု-ဥက္ကဋ္ဌများ၊ ဟောင်ကောင် ရဲတပ်ဖွဲ့၏အမျိုးသားလုံခြုံရေးဌာနမှ အရာရှိများ၊ ဟောင်ကောင်နှင့်မကာအိုရေးရာရုံးနှင့် အမျိုးသားလုံခြုံရေး ကာကွယ်စောင့်ရှောက်မှုရုံးမှ အရာရှိများ ပါဝင်သည်။ ပြီးခဲ့သည့်နှစ်က ဟောင်ကောင်အုပ်ချုပ်ရေးမှုး ကာရီလန် နှင့် အခြားတရုတ်နှင့် ဟောင်ကောင်တာဝန်ရှိသူတစ်ဒါဇင်ကျော်ကိုလည်း ဒဏ်ခတ်အရေးယူခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly