ဟောင်ကောင်မှ ပညာတတ်များ ပြည်ပသို့ပြောင်းရွေ့ရန် စီစဉ်နေ 

ဟောင်ကောင်မှ ပညာတတ်များ ပြည်ပသို့ပြောင်းရွေ့ရန် စီစဉ်နေ 

မတ် ၁၈

မကြာသေးမီက ကောက်ယူခဲ့သည့် စစ်တမ်း အသစ်တစ်ခုအရ အသက် ၃၅ နှစ်အောက် တက္ကသိုလ်ပညာတတ်လူဦးရေ ၄ ပုံ ၁ပုံ သည် ဟောင်ကောင်မှ ထွက်ခွာကြရန် စီစဉ်နေပြီး  တရုတ်အစိုးရ၏ အမျိုးသားလုံခြုံရေး ဥပဒေပြဋ္ဌာန်းချက်ကို တုံ့ပြန်သည့်အနေဖြင့်  နိုင်ငံခြားတိုင်းပြည်များမှလည်း လူဝင်မှုကြီးကြပ်ရေးအစီအစဉ်များကို  ဖြေလျှော့ပေး နေခြင်းကြောင့် နောက် ၅နှစ်အတွင်း ဟောင်ကောင် တွင် ပညာတတ်များ လျော့နည်းသွားမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ 

ဟောင်ကောင်၏ အကြီးမားဆုံး လူငယ်အဖွဲ့အစည်းများအနက် တစ်ခုဖြစ်သည့် Youth Ideas မှ ပြုလုပ်သောလေ့လာမှုအရ အလုပ်အကိုင်အတွက် ထွက်ခွာလိုသူများ၏ ၁၆ ရာနှုန်းက ပြန်လာရန်ရည်ရွယ်ချက်မရှိကြောင်းနှင့် အခြား ၁၂ ဒသမ ၆ ရာခိုင်နှုန်း ၎င်းတို့သည် အခြား တိုင်းပြည်တွင် နိုင်ငံသားရရှိပြီးမှသာ ပြန်လာရန် စဉ်းစားထားကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်သော ပြင်းထန်လှသည့်အမျိုးသားလုံခြုံရေးဥပဒေကို တုံ့ပြန်သည့်အနေဖြင့် ကနေဒါနှင့် ဗြိတိန်အပါအဝင်နိုင်ငံခြားတိုင်းပြည်များက ဟောင်ကောင်သားများ အတွက် လူဝင်မှုကြီးကြပ်ရေးအစီအစဉ်များကို ဖြေလျှော့ပေးနေချိန်တွင် ယခုစစ်တမ်းထွက်ပေါ် လာခြင်းဖြစ်သည်။ ယင်းဥပဒေသည် ဟောင်ကောင်ဒေသခံများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထိန်းချုပ်လိမ့်မည်ဟု မှတ်ချက်များ ထွက်ပေါ်လျှက်ရှိသည်။

 “ဟောင်ကောင်၏  ဦးနှောက်ယိုစီးမှု ပြဿနာကို ဖြေရှင်းခြင်း” ဟု အမည်ပေးထားသည့်စစ်တမ်းတွင်  ဖြေဆိုသူ ၂၄ ဒသမ၂ ရာခိုင်နှုန်းက လာမည့် ၅ နှစ်အတွင်း ဟောင်ကောင်ပြင်ပတွင် အလုပ်လုပ်ကိုင်ရန် စီစဉ်ထားပြီး ဦးစားပေး သွားမည့်နေရာများမှာ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဥရောပနှင့် အမေရိကန်တို့ဖြစ်သည်။

အခြားနေရာများတွင်  အလုပ်လုပ်ရန် ရွေးချယ်ရခြင်း၏ အဓိကအကြောင်းရင်းများတွင် 'အလုပ်နှင့် ဘဝဟန်ချက်'၊ 'ရွှေ့ပြောင်းအခြေချခြင်းအစီအစဉ်' နှင့် 'လူမှုရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ပါဝင်သည်။ 

ဟောင်ကောင်သို့ ပြန်လာရန် သို့မဟုတ် အလုပ်ပြန်လုပ်ရန်အတွက် မည်သို့စဉ်းစားမည်နည်းဟူသော မေးခွန်း အတွက် ထိပ်တန်းအဖြေသုံးခုမှာ“ ဆွဲဆောင်မှုရှိသောလစာ”၊  “ ကိုယ်ပိုင် လွတ်လပ်ခွင့် များကို ကောင်းစွာအကာအကွယ်ပေးရန်” နှင့်“ ကျေနပ်ဖွယ်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ” ဖြစ်သည်ဟု ဆိုကြသည်။

တစ်ချိန်တည်းမှာပင် ဖက်ဒရေးရှင်း၏သုတေသနပညာရှင် Amy Yuen Siu-man က ဦး နှောက်ယိုစီးမှု ဖြစ်နိုင်ခြေကို ရပ်တန့်စေရေးအတွက် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly