ဟောင်ကောင်ရွေးကောက်ပွဲဆိုင်ရာအပြောင်းအလဲများနှင့်ပတ်သက်၍'အလွန်အမင်းစိုးရိမ်ပူပန်မှု' G7ဖော်ပြ

ဟောင်ကောင်ရွေးကောက်ပွဲဆိုင်ရာအပြောင်းအလဲများနှင့်ပတ်သက်၍'အလွန်အမင်းစိုးရိမ်ပူပန်မှု' G7ဖော်ပြ

မတ် ၁၃ ၊၂၀၂၁

G7အဖွဲ့မှထိပ်တန်းသံတမန်များကတရုတ်နိုင်ငံ၏အမျိုးသားလွှတ်တော်က'မျိုးချစ်' များသာ မြို့တော်ကို အုပ်ချုပ်နိုင်စေရန်ရည်ရွယ်သော ဟောင်ကောင်ရွေးကောက်ပွဲစနစ်ကို အလုံးစုံပြန်လည်ပြုပြင်သည့်ဆုံးဖြတ်ချက်အား အတည်ပြုခြင်းနှင့်ပတ်သက်၍ 'အလွန်အမင်းစိုးရိမ်ပူပန်ကြောင်း 'ထုတ်ဖော်ပြောကြားခဲ့သည်။ယင်းအချက်ကဟောင်ကောင်တွင်အတိုက်အခံများကိုပိုမိုဖိနှိပ်နိုင်မည်ဖြစ်သည်။

"ကနေဒါ၊ပြင်သစ်၊ဂျာမနီ၊အီတလီ၊ဂျပန်၊ဗြိတိန်၊အမေရိကန်ပြည်ထောင်စုနှင့်ဥရောပသမဂ္ဂ၏အမြင့်ဆုံးကိုယ်စားလှယ်များဖြစ်သောကျွန်ုပ်တို့G7နိုင်ငံခြားရေးဝန်ကြီးများကတရုတ်အာဏာပိုင်များ၏ဟောင်ကောင်ရွေးကောက်ပွဲစနစ်၏ဒီမိုကရေစီဆိုင်ရာတန်ဖိုးများဆုတ်ယုတ်လျော့ပါးစေသည့်ဆုံးဖြတ်ချက်အပေါ်ကျွန်ုပ်တို့ကစိုးရိမ်ပူပန်မှုနေကြောင်းကိုဖော်ပြလိုပါသည်။ "

 “ယင်းဆုံးဖြတ်ချက်ကြောင့်တရုတ်ပြည်မကြီးမှအာဏာပိုင်များကဟောင်ကောင်မှအတိုက်အခံများ၏သဘောထားများနှင့်အသံများကိုဖယ်ရှားပြစ်ရန်စိတ်ပိုင်းဖြတ်ထားသည်ကိုဖော်ပြနေသည်”ဟုG7နိုင်ငံများမှပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

ယင်းအပြောင်းအလဲများသည်ဒီမိုကရေစီလိုလားသူများနှင့်နိုင်ငံရေးသမားများအားအစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းနှင့်ပေါင်းစပ်လိုက်ခြင်းကဟောင်ကောင်၏တစ်နိုင်ငံ၊စနစ်နှစ်မျိုးမူဝါဒအောက်တွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကိုထိခိုက်စေသည်ဟုG7ဝန်ကြီးများကဆိုသည်။ 

အခြေခံဥပဒေတွင်ဖော်ပြထားသည့်နိုင်ငံသားအားလုံးမဲပေးပိုင်ခွင့်ရှိသည့်ဆိုသည့်အချက်ကိုဦးတည်သွားမည့်ရည်ရွယ်ချက်နှင့်ဆန့်ကျင်သောယင်းအစီအစဉ်သည်နိုင်ငံရေးဆိုင်ရာဗဟုဝါဒကိုဟန့်တားလိမ့်မည်ဖြစ်ပြီး၊ယင်းအပြောင်းအလဲများသည်တရုတ် - ဗြိတိန်ပူးတွဲကြေညာချက်တွင်အာမခံထားသောလွတ်လပ်စွာပြောဆိုခွင့်ကိုလျှော့ချလိမ့်မည်ဟုကြေညာချက်တွင်ဖော်ပြထားသည်။

ဟောင်ကောင်၏အကောင်းဆုံးအကျိုးစီးပွားအတွက်ဟောင်ကောင်ပြည်သူများက၎င်းတို့၏မဲဆန္ဒကိုယုံကြည်မှုရှိရှိပေးရန် လိုအပ်ကြောင်းနှင့် နှုတ်ဆိတ်စေခြင်းမဟုတ်ဘ ဲမတူညီသောအမြင်များက ိုဆွေးနွေးခြင်းသည် ဟောင်ကောင်၏တည်ငြိမ်မှုနှင့်သာယာဝပြောမှုအတွက်လုံခြုံသောနည်းလမ်းဖြစ်သည်ဟုထုတ်ပြန်ချက်ကထပ်မံဆိုသည်။

တရုတ် - ဗြိတိန်ပူးတွဲကြေညာချက်နှင့် အခြားဥပဒေဆိုင်ရာတာဝန်ဝတ္တရားများနှင့် အညီဆောင်ရွက်ရန်နှင့် အခြေခံဥပဒေတွင်ဖော်ပြထားသည့်အတိုင်းဟောင်ကောင်ရှိအခြေခံအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုလေးစားလိုက်နာရန်တရုတ်ကိုတောင်းဆိုသည်။

ထို့အပြင်တရုတ်နှင့်ဟောင်ကောင်အာဏာပိုင်များအားဟောင်ကောင်ရှိနိုင်ငံရေးအဖွဲ့အစည်းများအပေါ်ယုံကြည်မှုပြန်လည်တည်ဆောက်ရန်နှင့်ဒီမိုကရေစီတန်ဖိုးများကိုမြှင့်တင်ရန်နှင့်အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုတောင်းဆိုနေသူများကိုကာကွယ်ပေးရန်အတွက်မလိုလားအပ်သောဖိနှိပ်မှုများကိုအဆုံးသတ်ရန်လည်းတိုက်တွန်းထားသည်။

၁၉၉၇ခုနှစ်တွင်တရုတ်ပြည်သို့ပြန်လည်ရောက်ရှိချိန်မှစ၍ဟောင်ကောင်၏ရွေးကောက်ပွဲစနစ်ကိုအကြီးအကျယ်ပြောင်းလဲစေမည့်ဆုံးဖြတ်ချက်ကိုကြာသပတေးနေ့ (မတ်လ၁၁ရက်)ကအမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ကတညီတညွတ်တည်းမဲပေးခြင်းဖြင့်အတည်ပြုခဲ့သည်ဟုSouth China Morning Post (SCMP) သတင်းစာကဖြော်ပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly