မတ် ၁၃ ၊၂၀၂၁
ယမန်နှစ်က အောင်မြင်စွာ မလွှတ်တင်နိုင်ခဲ့သည့် တရုတ်နိုင်ငံ၏ Long March 7A ဒုံးကျည်သစ်ကို ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာလွှတ်တင်နိုင်လိုက်သည်။
ကြာသပတေးနေ့ (မတ်လ၁၁ရက်) ည၁၂နာရီ၅၁မိနစ်တွင် တရုတ်နိုင်ငံဟိုင်နန်ကျွန်းရှ ဝမ်ချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒုံးပျံကိုလွှတ်တင်လိုက်သည်ဟု တရုတ်အစိုးရ ပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
Shiyan-9ဟုအမည်ပေးထားသောclassified experimental satellite ကို ဂြိုဟ်တုပတ်လမ်းအတွင်းသို့ လွှတ်တင်နိုင်ခဲ့ပြီး၊ ယင်းဂြိုဟ်တုကို တရုတ်အာကာသနည်းပညာသိပ္ပံမှ တီထွင်ခဲ့ကြောင်း SpaceNewsမှ ဖော်ပြခဲ့သည်။
"ဒီဂြိုဟ်တုကိုအဓိကအားဖြင့်အာကာသပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်လေ့လာခြင်းအပါအဝင်နည်းပညာအသစ်ဖြစ်သောဂြိုဟ်တုပတ်လမ်းစမ်းသပ်မှုတွေအတွက်အဓိကအသုံးပြုပါမယ်" ဟုဆင်ဟွာကထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောတစ်နှစ်ခန့်က တရုတ်နိုင်ငံသည်Long March 7A ဒုံးပျံအသစ်ကို၂၀၂၀ခုနှစ်၊မတ်လ၁၆ရက်တွင ်စတင်လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း၊ ပထမအဆင့် ပစ်စင်မှခွဲထုတ်ခြင်းနှင့် ပေါက်ကွဲအား ဆုံးရှုံးမှုနောက်ပိုင်းတွင် အင်ဂျင်ချွတ်ယွင်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါဒုံးပျံကိုgeosynchronous transfer orbit အတွင်းသို့ဂြိုဟ်တုများလွှတ်တင်ရန်အတွက်တရုတ်၏Longhor 3B ဒုံးပျံအစား လွှတ်တင်ရေးဂြိုဟ်တုအဖြစ် အစားထိုးရန်နှင့် ကမ္ဘာမြေအထက်ရှိ ဘူမိဂြိုဟ်တုစခန်းပတ်လမ်းသို့ ရောက်ရှိရန်အတွက်လမ်းကြောင်းဂြိုဟ်တုအဖြစ်အသုံးပြုမည်ဖြစ်သည်။
ယင်းသည်အဆင့်မြင့်ပြုပြင်မွမ်းမံထားသောLong March 7ဒုံးပျံတစ်မျိုး ဖြစ်ပြီး၂၀၁၆တွင်စတင်လွှတ်တင်ခဲ့ပြီး၊ကမ္ဘာပတ်လမ်းနိမ့်သို့မစ်ရှင်၂ကြိမ်လွှတ်တင်ခဲ့သည်။
NASA ၏အဆိုအရgeosynchronous transfer orbit သို့ရောက်ရှိရန် ဒုံးပျံသည်ဂြိုဟ်တုအားကမ္ဘာ၏အထက်မိုင်၂၃၀ဝဝ (ကီလိုမီတာ၃၇၀ဝဝ) အထိရှိသောelliptical ဂြိုဟ်ပတ်လမ်းသို့ တိုးချဲ့လွှတ်တင်ရမည်ဖြစ်သည်။ တဖက်တွင်ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းနိမ့်တွင် မိုင်၁၀ဝမှ၂၀ဝသာရှိသည်။
Long March 7A ၏သယ်ဆောင်နိုင်စွမ်းသည်၈တန် (မက်ထရစ်တန်၇တန်) ဖြင့်ပိုမိုကြီးမားသောဝန်ချိန်ကိုဂြိုဟ်ပတ်လမ်းအတွင်းသို့သယ်ဆောင်နိုင်ကြောင်းနှင့်Long March 7သည်၆တန် (၅.၅မက်ထရစ်တန်)သာသယ်ဆောင်နိုင်စွမ်းရှိသည်ဟုဆင်ဟွာမှပြောကြားခဲ့သည်။