၂၀၁၉ ခုနှစ် ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းဖန်တီးမှုဖြင့် ဆယ်ကျော်သက်လူငယ်အား ထောင်ဒဏ် ၆ လ ချမှတ်ခဲ့

By Zee 5
07 March 2021
၂၀၁၉ ခုနှစ် ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းဖန်တီးမှုဖြင့် ဆယ်ကျော်သက်လူငယ်အား ထောင်ဒဏ် ၆ လ ချမှတ်ခဲ့

၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးအား ထိန်းသိမ်းရေးစခန်း၌ ခြောက်လအထိ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းက၂၀၁၉ ခုနှစ် လူမှုရေးမတည်ငြိမ်မှုများကတည်းက အမှန်တကယ် ထောင်ကျမည့်ကာလကို ရှောင်ရှားနိုင်သည့် ပထမဆုံးဝန်ခံခဲ့သော အဓိကရုဏ်းဖန်တီးခဲ့သူဖြစ်လာခဲ့သည်။

South China Morning Post (SCMP) သတင်းဌာန၏အဆိုအရ ယင်းဆယ်ကျော်သက်သည် ဟောင်ကောင်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း အဓိကရုဏ်းကျူးလွန်မှုအတွက် အပြစ်ရှိသော အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။

မတ်လ ၃ ရက်က ခရိုင်တရားသူကြီး အားနက်စ် လင်ကန်ဟွန်းက ၎င်းအား ထိန်းသိမ်းရေးစခန်း၌ ရမန်ချုပ်မိန့်ရယူကာ အချိန်တိုတစ်ခုအတွင်း ဆွေးနွေးတိုင်ပင်ပြီး ထောင်ချခြင်းက ပိုဆီလျော်သည့် နည်းလမ်းဖြစ်ကြောင်း ဆိုခဲ့သည်။

" ဥပဒေချိုးဖောက်ခြင်းဖြင့် တရားမျှတမှုရရှိဖို့ ဆိုပြီး အချို့ပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေက တရားခံကို စည်းရုံးသိမ်းသွင်းခဲ့ကြတယ် ...တကယ်လို့သူက လိုက်နာခဲ့မယ်။ စဉ်းစားကြပါ။ သူရဲ့ တရားဥပဒေချိုးဖောက်မှုလုပ်ရပ်အတွက် ခွင့်လွှတ်ပေးရမယ်ဆိုတာ ယုတ္တိအမှားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသဘောတရားဟာ ဓမ္မဓိဋ္ဌာန်မကျတဲ့အတွက်ဖြစ်ပါတယ်ဟု'' အားနက်စ် လင်ကန်ဟွန်းက သူ၏ စီရင်ချက်တွင် ထည့်သွင်းပြောဆိုသည်။

အဆိုပါ ဆယ်ကျော်သက်ကို ခြောက်လမပြည့်မီ လွှတ်ပေးခြင်းက သူ၏အကျဉ်းထောင်အတွင်း နေထိုင်ပြုမူမှု အပေါ်တွင် မူတည်သည်။ နောက်ဆုံးတွင် ပဲ့ပြင်မှုဝန်ဆောင်မှု ကော်မရှင်နာက ဆုံးဖြတ်မည်ဖြစ်သည်။ ထိန်းသိမ်းရေးစခန်းမှ လွတ်လာသည့်အခါ ပြစ်မှုကျူးလွန်သူများသည် တစ်နှစ်ခန့်ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိပြီး အချို့သောလိုအပ်ချက်များကို လိုက်နာရန် မျှော်လင့်နိုင်သည်ဟု SCMP မှ Natalie Wong က ရေးသားခဲ့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ၁၆ရက် မွန်ကော့ခရိုင် ဈေးတန်းတွင်ဖြစ်ပွားခဲ့သော ဆန္ဒပြသူ ၇၀ ခန့်ပါဝင်သည့် အဓိကရုဏ်းဖြစ်ပွားစဉ်က ကောင်လေးသည် ရဲအရာရှိအား ဓာတ်ဆီဗုံးဖြင့် ပစ်ခဲ့သော်လည်း ထိခိုက် ဒဏ်ရာရမှုမရှိခဲ့ပေ။ထိုစဉ်က ကောင်လေး၏အသက်မှာ ၁၄ နှစ်ဖြစ်သည်။

သူ၏ ခုခံလျှောက်လဲချက်တွင် အခြားသူများက ဓာတ်ဆီဗုံးကို ပစ်ရန် သူ့အား လှုံ့ဆော်ခဲ့ကြောင်းနှင့် သူ၏အနက်ရောင်အင်္ကျီနှင့် အသုံးအဆောင် ပစ္စည်းများသည် ယင်းဆန္ဒပြပွဲတွင် အကြမ်းဖက်ဆန္ဒပြသူများ ဝတ်ဆင်ခဲ့သည်များနှင့် ဆင်တူကြောင်း ဖော်ပြခဲ့သော်လည်း စီရင်ချက်ချရာတွင် ခရိုင်တရားသူကြီးက ပယ်ချခဲ့သည်။ တပ်ဖွဲ့၏သတိပေးချက်များရှိနေသော်လည်း သူက ယင်းနေရာမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ကြောင်းလည်း SCMP ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly