ဂျပန် Unicharm က မဟာဗျူဟာကို တရုတ်မှ အိန္ဒိယနှင့် တောင်အာဖရိသို့ ရွှေ့

ဂျပန် Unicharm က မဟာဗျူဟာကို တရုတ်မှ အိန္ဒိယနှင့် တောင်အာဖရိသို့ ရွှေ့

ပြည်တွင်းစားသုံးမှုနှုန်း ပုံမှန်တိုးတက်မှုကို ရှာဖွေနေသည့် ဂျပန်၏ တစ်ကိုယ်ရည် သုံးပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီအုပ်စုဖြစ်သော Unicharm သည် တရုတ်နိုင်ငံမှ အိန္ဒိယနှင့် တောင်အာဖရိကသို့ ထုတ်လုပ်မှုစက်ရုံများကို ရွှေ့ပြောင်းခြင်းဖြင့် ယင်း၏မဟာဗျူဟာကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပြောင်းရွှေ့လိမ့်မည်ဟု ကြေညာခဲ့သည်။

“ထွန်းသစ်စနိုင်ငံတွေမှာ ဈေးကွက်ဝေစုရဲ့ အနည်းဆုံးသုံးပုံတစ်ပုံကို အမြန်ဆုံး သိမ်းပိုက်ချင်ပါတယ်”ဟု Unicharm ၏ အမှုဆောင်အရာရှိချုပ် တာကာရှိဆာတာကာဟာရာ က အာဖရိက၊ အိန္ဒိယနှင့် တောင်အမေရိကတွင် ယင်း၏သေးခံများကို အရောင်းမြှင့်တင်မည့် အစီအစဉ်များကို မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မီဒီယာများမှ ဖော်ပြချက်အရ ယခုနှစ်အတွင်း အိန္ဒိယနှင့်အာဖရိကတွင် အခိုင်အမာခြေကုပ်ခိုင်မာရန် ကလေးသေးခံ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် ကုမ္ပဏီက ယန်းငွေဘီလီယံ ၅၀ (အမေရိကန်ဒေါ်လာ ၄၇၃ သန်း) ရင်းနှီးမြုပ်နှံမှု အသုံးစရိတ်အသုံးပြုလိမ့်မည်ဖြစ်သည်။

အိန္ဒိယတွင် Procter & Gamble ကဲ့သို့ပင် တစ်ကိုယ်ရည်စောင့်ရှောက်မှုကုန်အမှတ်တံဆိပ်သည် ဈေးကွက်ရှယ်ယာ ၄၀ရာခိုင်နှုန်းခန့်ရရှိထားပြီး ဖြစ်သည်။

ယင်း၏မဟာဗျူဟာဦးစားပေးပြောင်းလဲခြင်းအားဖြင့် Unicharm သည် အိန္ဒိယ၊ ဂါနာနှင့်နိုင်ဂျီးရီးယားကဲ့သို့ အလားအလာရှိသော ဈေးကွက်များ၌ ထုတ်လုပ်မှုစွမ်းရည်များမြှင့်တင်ရန် စီစဉ်နေခြင်းကြောင့် ယင်းနိုင်ငံများတွင်၂၀၁၉ ခုနှစ်တွင် ရှယ်ယာဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ၂၂၀ဝ အထိ မြင့်တက်ခဲ့သည်။

အတိတ်က ထွန်းသစ်စဈေးကွက်မဟာဗျူဟာတွင် တရုတ်ပြည်ကို အာရုံထားခြင်းနေခြင်းမှ အဓိက အပြောင်းလဲဖြစ်ပေါ်နေခြင်းကို ယင်းရွှေ့ပြောင်းမှုက ဖော်ပြနေပြီး၊ မကြာသေးမီနှစ်များကတည်းက တရုတ်ပြည်မှ ပြန်လည်ဆုတ်ခွာနေပြီဖြစ်သည်။

၂၀၁၂ ခုနှစ်တွင်Unicharm သည် တရုတ်သေးခံဈေးကွက်၏၁၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီး၊၂၀၁၉ ခုနှစ်တွင် ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

အစောပိုင်းက ယင်း၏သေးခံများမှာ အရည်အသွေးမြင့်မားခြင်းနှင့် သက်တောင့်သက်သာရှိခြင်းကြောင့် ဝယ်လိုအား မြင့်တက်ခြင်းဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် ကုန်ပစ္စည်းများ၏ အရည်အသွေးများကို တိုးမြှင့်ခြင်းအားဖြင့် ယင်းတို့၏ထုတ်ကုန်များကို တိုးတက်အောင် လုပ်ပြုလုပ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags