ရူပီး ၆၀၀ သန်းကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးများ သီရိလင်္ကာရေတပ် သိမ်းဆည်းရမိကာ ISI ပါဝင်ကြောင်း သံသယရှိ

 ရူပီး ၆၀၀ သန်းကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးများ သီရိလင်္ကာရေတပ် သိမ်းဆည်းရမိကာ ISI ပါဝင်ကြောင်း သံသယရှိ

ဇန်နဝါရီ ၆

နီဂွန်ဘိုပင်လယ်ပြင်တွင် သီရိလင်္ကာရေတပ်၏ အထူးစစ်ဆင်ရေးအတွင်း ရူပီး ၆၀၀ သန်းကျော်တန်ကြေးရှိ ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါး(ICE) နှင့် ဟာရှီများကို ဖမ်းဆီးရမိခဲ့သည်။

သီရိလင်္ကာရေတပ်သည် သံသယရှိသူ လေးဦးအား ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါး(ICE) ၁၀၀ ကီလိုဂရမ်ကျော်နှင့် ဟာရှီ ၈၀ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးများကို သယ်ယူပို့ဆောင်ရန် အသုံးပြုသည့် ငါးဖမ်းလှေများကို သိမ်းဆည်းခဲ့သည်။
 
ထိုစစ်ဆင်ရေးအား ထောက်လှမ်းရေးနှင့် ရဲမူးယစ်ဆေးဝါးဗျူရိုတို့၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ပြီး သီရိလင်္ကာလေတပ်မှလည်း ကူညီခဲ့သည်။ စစ်ဆင်ရေးအတွင်း ထိန်းသိမ်းထားသည့် သံယရရှိသူများသည် ချီလောရှိ သိုဒူဝါဝါနယ်မြေတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားများနှင့်တကွ ISI မှ ကျောထောက်နောက်ခံပြုထားသော ပါကစ္စတန်ဂိုဏ်းများသည် မူးယစ်ဆေးဝါးမှောင်ခိုမှုတွင် ပိုမိုပါဝင်လာနေသည်။ တရုတ်သည် ဂွါဒါ နှင့် အာဖဂန် ကမ်းရိုးတန်းရှိ ဆိပ်ကမ်းများနှင့် ဟွန်ဘန်တိုတာကို ထိန်းချုပ်ထားမှုသည် မူးယစ်ဆေးဝါးမှောင်ခိုမှုကို အထောက်အကူပြုနေသည်။
 
မူးယစ်ဆေးဝါးသယ်ဆယ်လာသော လှေများအားလုံးသည် ဂွါဒါ မှ ဖြစ်သည်။ ၎င်းသည် ပါကစ္စတန်၏ ISI  ထောက်ပံ့မှုတစ်ခုတည်းနှင့်သာ ဖြစ်နိုင်ပြီး မဟုတ်ပါက နိုင်ငံများစွာသို့ အကြီးစားမှောင်ခိုတင်သွင်းခြင်းသည် မဖြစ်နိုင်ပေ။ မူးယစ်ဆေးဝါးများအား ကမ်းရိုးတမ်းမှ ဝေးရာ ပင်လယ်တွင် လဲလှယ်ကြသောကြောင့် ပါကစ္စတန်မှ လှေများအား ဖမ်းမိခြင်း မရှိသလောက် နည်းပါးသည်။

မူးယစ်ဆေးဝါးကုန်ကူးခြင်းနှင့် ပင်လယ်လမ်းကြောင်းများမှတစ်ဆင့် လုပ်ဆောင်သော တရားမဝင်လုပ်ဆောင်ချက်များအား ဆက်လက်ဖမ်းဆီးနှိမ်နင်းခြင်း၏ ရလဒ်အဖြစ် သီရိလင်္ကာရေတပ်သည် လွန်ခဲ့သော ရက်အနည်းငယ်က ဂေါလီ ဒိုဒန်ဒူဝါ မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသော ငါးဖမ်းလှေများအား ဖမ်းဆီးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly