ဩစတြေးလျတွင် နှာခေါင်းစည်း မတပ်မနေရ စည်းကမ်းထုတ်ထားချိန် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက် 

ဩစတြေးလျတွင် နှာခေါင်းစည်း မတပ်မနေရ စည်းကမ်းထုတ်ထားချိန် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက် 

 ဇန်နဝါရီ ၃

ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းမတပ်မနေရာ စည်းကမ်းသစ် ထုတ်ထားချိန် လူဦးရေအထူထပ်ဆုံးသော နယူးဆောက်ဝေးလ်ပြည်နယ်တွင် တနင်္ဂနွေနေ့က ကိုဗစ်-၁၉ အသစ် ကူးစက်သူ ရှစ်ဦးရှိကာ အိမ်နီးချင်း ဗစ်တိုးရီးယားပြည်နယ်တွင် သုံးဦးအထိ တိုးပွားခဲ့သည်။ 

နယူးဆောက်ဝေးလ်ပြည်နယ်တွင် လူပေါင်း နှစ်သိန်းခွဲနီးပါးကို ဇန်နဝါရီ ၉ ရက်အထိ တင်းကြပ်သည့် လော့ဒေါင်းချထားရာ ဆစ်ဒနီ မြောက်ပိုင်းကမ်းခြေဧရိယာများတွင် ဒီဇင်ဘာလလယ်မှစ၍ ကူးစက်မှု စတင်ခြင်းဖြစ်ကာ ကူးစက်မှုသည်လည်း လူအုပ်လိုက်ကူးစက်မှုများဖြစ်ပြီး လက်ရှိတွင် စုစုပေါင်း ၁၄၈ ဦးအထိ ရှိသွားပြီ ဖြစ်သည်။ 

မြို့အနောက်ပိုင်းက လူအုပ်ငယ် ကူးစက်မှုတွင် မတူညီသော မျိုးဗီဇကွဲများနှင့် ဆက်စပ်ကူးစက်မှုဖြစ်ကြောင်း တွေ့ရှိရာက ၁၃ ဦး ကူးစက်ခံရသည်။ ရုတ်ခြည်း ကူးစက်မှုဖြစ်ပွားခဲ့သည့် အဖျော်ယမကာစတိုးဆိုင်တွင် မကြာသေးခင်က ကူးစက်မှုများနှင့် ပတ်သက်ပြီး အာဏာပိုင်များအတွက် စိုးရိမ်စရာ ဖြစ်နေသည်ဟု ပြည်နယ်ကျန်းမာရေးအကြီးအကဲ ကယ်ရီချန့်က ပြောသည်။ 

“ကျွန်တော်တို့ သိထားတာတော့ အခု ကူးစက်မှုဖြစ်စဉ်တွေဟာ အနည်းဆုံး သိရှိဖော်ထုတ်ထားနိုင်တဲ့ နှုန်းထားသာပဲ ဖြစ်တယ်။ အဲဒီ စတိုးဆိုင်မှာ အရက်လာဝယ်သူတွေနဲ့ ဝင်ရောက်ခဲ့သူတွေကို ကျွန်တော်တို့ စစ်ဆေးမေးမြန်းနေတယ်။ တကယ် သတိထားရမယ့် အချိန်ပါပဲ။”ဟု ချန့်က သတင်းထောက်များအား ပြောသည်။ 

နယူးဆောက်ဝေးလ်တွင် ဂိမ်းစင်တာများ၊ ဆံပင်အလှပြင်ဆိုင်များနှင့် ဈေးဆိုင်များကဲ့သို့သော အတွင်းခန်း ဆိုင်များတွင်ပါ နှာခေါင်းစည်း မတပ်မနေရ စည်းကမ်းထုတ်ထားပြီး အာဏာပိုင်များက ဗိုင်းရပ်စ် ကူးစက်မှုကို ကန့်သတ်နိုင်ရေး ကြိုးပမ်းနေသည်။  

ဩစတြေးလျနိုင်ငံသည် နယ်စပ်ပိတ်ခြင်း၊ လော့ဒေါင်းချခြင်းနှင့် စမ်းသပ်စစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်ကာ လူခွာနေခြင်းတို့ကို အာဏာသက်ဝင်စေခြင်းဖြင့် ကပ်းဘေး၏ ဆိုးဝါးမှုကို ရှောင်ရှားနိုင်ခဲ့သည်။ 

ကပ်ဘေးစတင်ချိန်မှစပြီး နိုင်ငံတွင် ကူးစက်သူပေါင်း ၂၈၄၅၀ ဦး ရှိကာ သေဆုံးသူ ၉၀၉ ဦး ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly