ဦးစိုးထက် “ချင်းမှာက ရိုးရာစွဲကြောင့် ဟိုတယ်နဲ့ခရီးသွားဖွံ့ဖြိုးဖို့ ခက်ခဲနေတယ်”

03 January 2021
ဦးစိုးထက် “ချင်းမှာက ရိုးရာစွဲကြောင့် ဟိုတယ်နဲ့ခရီးသွားဖွံ့ဖြိုးဖို့ ခက်ခဲနေတယ်”

ရန်ကုန်၊ ဇန်နဝါရီ ၃

ချင်းပြည်နယ်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်များအနက် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခုဟု ပြောကြသည်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ လျှပ်စစ်မီး ရရှိမှု အားနည်းခြင်း၊ ရိုးရာ ဒေသစွဲများ ကြီးထွားနေခြင်း၊ ပလက်ဝဒေသတွင်း တည်ငြိမ်မှုအားနည်းနေခြင်း၊ သံယဇာတ ထွက်ရှိမှု နည်းပါး လွန်းခြင်း စသည့် အခြေအနေများကြောင့် ဒေသဖွံ့ဖြိုးရေး အားနည်းနေသည်ဟုလည်း ဆိုကြသည်။

ထို့ကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင်းရဲဆုံးဆိုသော အမည်နာမ်ထဲကနေ ဆွဲထုတ်နိုင်ရေး အတွက် ၂၀၂၁ ခုနှစ်တွင် ဖြစ်တည်လာမည့် အစိုးရသစ်လက်ထက် ချင်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မည် ကဲ့သို့သော လုပ်ငန်းများ အကောင်အထည်ဖော်မလဲဆိုတာ စိတ်ဝင် စားစရာကောင်းလှသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့်လမ်းပန်း ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွား တာဝန်များကို ရယူထားသည့် ဝန်ကြီး ဦးစိုးထက် (၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း ပလက်ဝမဲဆန္ဒနယ်ကနေ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အနိုင် ရထားသူ)နှင့် မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်းက Zoom Meeting ကနေ ဆက်သွယ် မေးမြန်းထားပါ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly