သာမန်လောင်စာဆီသုံးကားတွေ ဆီဖြည့်ရတဲ့ဓာတ်ဆီဆိုင်တွေလိုပဲ လျှပ်စစ်ကားတွေ အားသွင်းနိုင်မယ့်နေရာတခုကို ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့တော်နဲ့ မလှမ်းမကမ်းမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါပြီ။ ၂၀၃၀ ပြည့်နှစ်မှာ လောင်စာဆီသုံးကားတွေ ရောင်းချမှုကို ကန့်သတ်ပြီး လျှပ်စစ်ကားတွေနဲ့ အစားထိုးဖို့ ဗြိတိန်အစိုးရက စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ဆက်ထားပါတယ်။