ပြည်တွင် တရားမဝင် ဝင်လာသည့် မွတ်ဆလင် ၁၃ ဦးကို ထိန်းသိမ်း

By ဟန်ထူးဇော်
25 December 2020
ပြည်တွင် တရားမဝင် ဝင်လာသည့် မွတ်ဆလင် ၁၃ ဦးကို ထိန်းသိမ်း

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မှာ ဒီဇင်ဘာ၂၄ရက်နေ့ နေ့ခင်း၁၂နာရီခွဲဝန်ကျင်ခန့်က နဝဒေးတံတားစစ်ဆေးရေး ဂိတ်မှာစစ်ဆေးမခံတဲ့ ဘုန်းကြီးကျောင်းတိုက်အမည်ပါ အိမ်စီးကားတစ်စီး ထွက်ပြေးသွားပါတယ်။
အဲ့ဒီကားကိုလိုက်လံဖမ်းဆီးရာမှ မလေးရှားနိုင်ငံကို သွားမည့် အသက်၁၁နှစ်မှ ၁၉နှစ်တွင်းရှိတဲ့ အမျိုးသားတစ်ဦး အမျိုးသမီး၁၂ဦးအပါအဝင် မွတ်ဆလင်၁၃ဦးကိုတွေ့ရှိခဲ့တာပါ။အခုလို အဖမ်းခံရတဲ့ မွတ်ဆလင်တွေဟာ ယခင်ကရခိုင်ပြည်နယ်က ပျက်ဆီးသွားတဲ့ ကျေးရွာတွေက နေထိုင်သူတွေပါဝင်တယ်လို့သိရပါတယ်။

ရိုက်ကူး /တည်းဖြတ် /တင်ဆက် - ဟန်ထူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly