ထိုင်းနိုင်ငံ ချင်းမိုင်၌ နှစ်သစ်ကူးပွဲ ကျင်းပခွင့်ပြုမည်

ထိုင်းနိုင်ငံ ချင်းမိုင်၌ နှစ်သစ်ကူးပွဲ ကျင်းပခွင့်ပြုမည်

ဒီဇင်ဘာ ၂၄ 

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် နှစ်သစ်ကူးပွဲကျင်းပမည်ဟု အာဏာပိုင်များက အခိုင်အမာပြောဆိုလျက် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။ 

ချင်းမိုင်ပြည်သူ့ကျန်းမာရေးမြှင့်တင်ရေးဌာနညွှန်ကြားရေးမှူး Danai Sarapruek က စီးပွားရေးအရ နှစ်သစ်ကူးပွဲများကို တားမြစ်သွားမည်မဟုတ်ကြောင်း၊ မတားမြစ်သော်လည်း နှစ်သစ်ကူးပွဲစီစဉ်သူများအနေဖြင့် ၎င်းတို့အစီအစဉ်များကို ခရိုင်အစိုးရအဖွဲ့သို့ အသိပေးရန်လိုအပ်ကြောင်းနှင့် ဒေသတွင်းတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရန်နည်းလမ်းများကိုလည်း ချမှတ်ထားသည်ဟု ဆိုသည်။  

ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည် ဆမွတ်ဆာခွန်းမှ လူများ ချင်းမိုင်သို့လာပါက ၁၄ ရက် ကွာရန်တင်းဝင်ရန်သတ်မှတ်ထားပြီး တခြားခရိုင်မှ ဧည့်သည်များအနေဖြင့် ကွာရန်တင်းဝင်ရန်မလိုဟု Mr Danai က ဆိုသည်။ 

ချင်းမိုင်ရှိ ကူးစက်ရောဂါဆိုင်ရာကော်မတီကလည်း ကပ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် တင်းကျပ်သောစီမံချက်များ အကောင်အထည်ဖော်နေသည်ဟု ခရိုင်ပြည်သူကျန်းမာရေးဌာနအကြီးအကဲ Chatuchai Maneerat က ပြောသည်။ 

ဘန်ကောက်မြို့တွင်လည်း အုပ်ချုပ်ရေးမှူး Aswin Kwanmuang က ကိုဗစ်-၁၉ ထိန်းချုပ်တားဆီးရေးစီမံချက်များကြေညာခဲ့သည်။ ဈေးများ၊ အများပြည်သူဆိုင်ရာပန်းခြံများ၊ ဘုရားကျောင်းများနှင့် ဖျော်ဖြေရေးနေရာများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ စီမံချက်များကို ထိထိရောက်ရောက် လိုက်နာရမည်ဖြစ်သည်။  မြို့တော်အတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများကိုလည်း ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ 

ဆမွတ်ဆခွန်းခရိုင်တွင်လည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ ရောဂါထိန်းချုပ်ရေးအစီအမံများကို ပိုမိုတင်းကျပ်စွာဆောင်ရွက်ထားသည်။ ဗိုင်းရပ်စ်ကူးစက်မှုများတွေ့ရှိခဲ့သည့် ပုစွန်ဈေးနှင့် Si Muang လူနေအဆောင်များကိုလည်း လုံးဝပိတ်ဆို့ထားသည်။ ခရိုင်အတွင်းရှိ အားကစားရုံများ၊ အားကစားကွင်း၊ ပညာရပ်ဆိုင်ရာဌာနများနှင့် ကလေးထိန်းကျောင်းများကိုလည်း ယာယီပိတ်ထားသည်။ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာခွင့်ပြုထားပြီး စတိုင်းဆိုင်များကိုလည်း ည ၁၀ နာရီနှင့် မနက် ၅ နာရီအကြား ဖွင့်ခွင့်မပြုပေ။

ဆမွတ်ဆာခွန်းတွင် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကြက်တိုက်ပွဲ၊ ငါးတိုက်ပွဲများ၊ ရုပ်ရှင်ရုပ်များ၊ ကာရာအိုကေဘားများ၊ ဂိမ်းဆိုင်များ၊ မူကြိုကျောင်းများ၊ Spa ၊ အနှိပ်ခန်းများနှင့် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို နောက်နှစ် ဇန်နဝါရီ ၄ ရက်နေ့အထိ ပိတ်ထားရန် ဗုဒ္ဓဟူးနေ့က ညွှန်ကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly