အိန္ဒိယ တပ်မတော် အကြီးအကဲ နာရာဗန်နီ ဆော်ဒီဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံ

 အိန္ဒိယ တပ်မတော် အကြီးအကဲ နာရာဗန်နီ ဆော်ဒီဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံ

ဒီဇင်ဘာ ၁၅

အိန္ဒိယ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး အမ်အမ် နာရာဗန်နီ သည် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ်အတွင်း တနင်္ဂနွေနေ့တွင် ထိပ်တန်းဆော်ဒီဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံခဲ့သည်။

နာရာဗန်နီ သည် ကာကွယ်ရေးအရာရှိများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အမြင်များ ဖလှယ်ခဲ့သည်။ နာရာဗန်နီ သည် ဆော်ဒီအာရေဗျအပြင်  အာရပ်စော်ဘွားများပြည်ထောင်စုသို့လည်း သွားရောက်မည်ဖြစ်သည်။

သူသည် မဟာဗျူဟာကျ လွန်စွာအရေးပါသော နိုင်ငံနှစ်ခုသို့ သွားရောက်လည်ပတ်သည့် ပထမဆုံး အိန္ဒိယ တပ်မတော် အကြီးအကဲ ဖြစ်သည်။

အိန္ဒိယတပ်မတော်၏ ပြည်သူ့ပြန်ကြားရေးဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူးချုပ်က တွစ်တာတွင် “ဗိုလ်ချုပ်ကြီး နာရာဗန်နီ  က ပူးတွဲတပ်ဖွဲ့တပ်မှူး ဒုဗိုလ်ချုပ်ကြီး မုတ်လတ် ဘင် ဆလင်း ဘင် အယ်လ်-အဇီမာ နဲ့ တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အမြင်ဖလှယ်ခဲ့ကြတယ်”ဟု ရေားသားခဲ့သည်။

နာရာဗန်နီ  သည် ရီယတ် တွင် ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ သူသည် ဆော်ဒီ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဖေယတ် ဘင် ဟမစ် အယ်-ရုဝိုင်လီထံသို့ သွားရောက် လည်ပတ်ခဲ့သည်။

တပ်မတော် အကြီးအကဲ နှစ်ဦးသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးစီးပွားနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြသည်ဟု အရာရှိများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly