ထိုင်းနိုင်ငံက ကမ္ဘာအနှံ့က ခရီးသွားဧည့်သည်များကို လက်ခံတော့မည်

ထိုင်းနိုင်ငံက ကမ္ဘာအနှံ့က ခရီးသွားဧည့်သည်များကို လက်ခံတော့မည်

ဒီဇင်ဘာ ၉ 

ထိုင်းနိုင်ငံသည်  ကိုဗစ်-၁၉ အခြေအနေကြောင့် ကမ္ဘာတစ်လွှားက ခရီးသွားဧည့်သည်များကို ရေရှည်နေထိုင်နိုင်သော အသစ်ပြင်ဆင်သည့် အထူး ခရီးသွားဧည့်ဗီဇာ STV အရ ကြိုဆိုလက်ခံတော့မည် ဖြစ်သည်။

သို့ရာတွင် အဆိုပါ ခရီးသွားဧည့်သည်များအနေဖြင့် ထိုင်းနိုင်ငံ၏ မဖြစ်မနေ ၁၄ ရောဂါခြေချုပ် ဝင်ရခြင်းကို လိုက်နာရမည်တော့ ဖြစ်ကြောင်း လက်ထောက် အစိုးရပြောခွင့်ရသူ ရာချာဒါက အင်္ဂါနေ့တွင် ပြောသည်။

ယခုကဲ့သို့ ပို၍ လွတ်လပ်လွယ်ကူသော ခရီးသွားဧည့်သည်များ ဝင်ရောက်ခွင့်ပြုသည် မူသည် အစိုးရ၏ စီးပွားရေး တစ်ဆစ်ချိုး ချိုးကွေ့သည့် ဖော်ဆောင်မှုဖြစ်ပြီး ထိခိုက်နစ်နာနေသော ခရီးသွားလုပ်ငန်းကဏ္ဍအား ထောက်ကူပြုရန် ဖြစ်သည်။

STVs ဗီဇာကို ယခင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နည်းပါးသော နိုင်ငံများမှ ဧည့်သည်များကိုသာ ခွင့်ပြုပေးထားခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ယင်းသို့ တင်းကြပ်ထားသော အခြေအနေကြောင့် နိုင်ငံ ၂၉ နိုင်ငံမှ ဧည့်သည် ၈၂၅ ဦးသာကို လက်ခံရရှိခဲ့ပြီး ဇိမ်ခံအပျော်စီးသင်္ဘော စီးနင်းသည့် ဧည့်သည်မှာ ခြောက်ဦးသာ ရှိခဲ့ကြောင်း ရာချာဒါက ပြောသည်။

ကက်ဘိနက်အနေဖြင့် STV ဗီဇာကိုင်ဆောင်ပြီး အပျော်စီးသင်္ဘော စီးနင်းကြသည့် ဧည့်သည်များအတွက် နောက် ထပ် ရက် ၃၀ သို့မဟုတ် ရက် ၆၀ စုစုပေါင်း နေထိုင်ခွင့် ကာလတိုးပေးရန်လည်း ဆုံးဖြတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း ထိုင်းနိုင်ငံသည် ကပ်ဘေး ဒုတိယလှိုင်း ကြုံတွေ့ရခြင်း မရှိသကဲ့သို့ ကောလဟလများ ထွက်နေသည့် အမြန် ကူးစက်မှုနှုန်းထားနှင့် ဆိုင်သော မည်သည့် စိန်ခေါ်မှုမျိုးမှ ရင်ဆိုင်နေရခြင်း မရှိဟု အင်္ဂါနေ့က ပြောဆိုသည်။

အမှန်တရားကတော့ ထိုင်းနိုင်ငံတွင်း အနည်းငယ်သော ကူးစက်ခံရသူ နှုန်းထားမှာလည်း နိုင်ငံသို့ ခိုးဝင်လာသူများနှင့် ကူးစက်ခံရခြင်း ရှိမရှိ မည်သူကိုမဆို စစ်ဆေးမှုများ ပြုလုပ်နေသည့် ခရီးသွားနေရာများကပဲ ဖြစ်ကြောင်း ဝန်ကြီးချုပ် ချန်အိုချာက ပြောခဲ့သည်။

မြန်ဆန်ကူးစက်မှု ဖြစ်နိုင်ခြေရှိသည်ဆိုသော မီဒီယာများ၏ ဖော်ပြချက်ကြောင့် မကြာသေးသော သတင်းပတ်များအတွင်း ဟိုတယ်အကြိုငှားရမ်းထားခြင်းများကို ပယ်ဖျက်ကြသည့် နှုန်းထား များပြားခဲ့ခြင်းကို ကိုးကားပြီး ပြည်သူများအနေဖြင့် အခြေအနေ ပိုဆိုးလာမည်ဆိုခြင်းကို ကြောက်ရွံ့စရာ မလိုကြောင်း ၎င်းက တိုက်တွန်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly