သီရိလင်္ကာတွင် တရုတ်ထိန်းချုပ်ထားသော ဂွာဒါမှ ရူပီး ၂.၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆည်းရမိ

သီရိလင်္ကာတွင် တရုတ်ထိန်းချုပ်ထားသော ဂွာဒါမှ ရူပီး ၂.၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆည်းရမိ

ဒီဇင်ဘာ ၇ ၊ ၂၀၂၀
 
သီရိလင်္ကာအာဏာပိုင်အဖွဲ့သည် စနေနေ့  ဒီဇင်ဘာလ ၆ရက် တွင် မာရာဝီလာ သိုဒူဝါဝါ ဒေသမှ လူလေးဦးအား ဖမ်းဆီးလိုက်ပြီး တရုတ်ထိန်းချုပ်ထားသော ဂွာဒါမှ ရူပီး ၂.၅ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရရှိခဲ့သည်။ သူတို့သည် ဂွာဒါမှ ဘိန်းဖြူနှင့် ခရစ္စတယ်မက်သာဖီတမင်း(Ice) အား ပက်ခ် ဒေါင် မှ သီရိလင်္ကာလှေများထံသို့ ပို့ဆောင်နေခြင်းဖြစ်သည်။
 
ဂွာဒါမှ ပက်ခ်ဒေါင်သို့ ပုံမှန် လှုပ်ရှားမှုသည် ပါကစ္စတန်ထောက်လှမ်းရေး (ISI) နှင့် တရုတ် ထောက်လှမ်းရေး အရာရှိများ၏ အထောက်အပံ့မပါဘဲ မဖြစ်နိုင်သောကြောင့် မူးယစ်ဆေးဝါးမှောင်ခိုကွန်ယက်တွင် ISI အရာရှိများ ပါဝင်ပတ်သတ်မှု စတင်လာခဲ့သည်။

သယ်ယူပို့ဆောင်မှုသည် မော်လ်ဒိုက်နှင့် သီရိလင်္ကာအကြား လွတ်လပ်သောပင်လယ်ဒေသများတွင် ဖြစ်ပွားခဲ့သည်။
ယစ်မျိုးဦးစီးဌာနမှ ရုတ်တရတ်ဝင်ရောက်စီးနင်းခဲ့ရာတွင် ဘိန်းဖြူ ၁၀၀ကီလိုဂရမ်နှင့် Ice ၁၀၀ကီလိုဂရမ် သိမ်းဆည်းရမိခဲ့သည်။

ဒူဘိုင်းတွင် ပုန်းအောင်းလျက်ရှိသော ‘Jude’ အမည်ရ မူးယစ်ဆေးဝါးကုန်ကူးသမားသည် မူးယစ်ဆေးဝါးများအား လှေများဖြင့် နိုင်ငံတွင်းသို့ တင်ပို့နေကြောင်း သံသယရှိကြသည်။ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် ဗန်ကားတစ်စီး၊ ကားနှစ်စီးနှင့် တံမြက်စည်းကုန်ကားအား ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly