ထိုင်းနိုင်ငံမှာကျားသားပေါက်တွေ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမှာကျားသားပေါက်တွေ ဖမ်းဆီးရမိ
Photo - AFP

ဒီဇင်ဘာ ၅ ၊ ၂၀၂၀

တနင်္လာနေ့ကထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်၊တောရိုင်းတိရိစ္ဆာန်နဲ့သစ်တောထိန်းသိမ်းရေးဌာန (Depart -ment  of National Parks,Wildlife and Plant Conservation-DNP ) ဟာ မတ်ဒဟန် ကကိုယ်ပိုင် တိရိစ္ဆာန်ဥယျာဉ်ကနေတရားမဝင်မှောင်ခိုယူဆောင်လာတယ်လို့သံသယဖြစ်ဖွယ် ကျားသားပေါက် ငါးကောင်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒီကျားပေါက်စတွေကိုမြောင်ခရိုင်၊တန်ဘွန်ဘန်ဆိုင်ရိုင်က မတ်ဒဆွန်ဆာ (မတ်ဒ ကျားဥယျာဉ်နဲ့ စိုက်ပျိုးမွေးမြူရေးခြံ  Mukda Tiger Park and Farm) ကနေယူဆောင်လာတာဖြစ်ပြီးဆီဆာကက် မှာရှိတဲ့ DNP ရဲ့ ချူလာပွန်တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းမွေးမြူရေးစင်တာ (Chulaphorn Wildlife Captive Breeding Centre ) မှာလှောင်အိမ်နဲ့ထားရှိပါတယ်။

တာဝန်ရှိသူများကကျားသားပေါက်တွေကို DNA စစ်ဆေးမှုတွေလုပ်နေပြီးကျားသုံးကောင်ကတော့ တိရိစ္ဆာန်ဥယျာဉ်ထဲကကျားတွေနဲ့ဆက်နွယ်မှုမရှိတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီကျားတွေ ဟာမှောင်ခိုကူးခံရတာဖြစ်နိုင်တယ်လို့ DNP ဒုတိယညွှန်ကြားရေးမှုးချုပ် ပရာကစ်ဝေါင်ဆရီဝပ်တနာကူး ကပြောကြားခဲ့ပါတယ်။ ကျားသားပေါက်နှစ်ကောင်အပါအဝင်နောက်ထပ်ကျားကောင်ရေ ၂၀  ရဲ့ DNA စစ်ဆေးချက်အဖြေတွေကို ဒီဇင်ဘာလကုန်မတိုင်မီထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ဇန်နဝါရီလမှာ ကျားဥယျာဉ်ကိုဖြိုခွင်းခဲ့မှုရဲ့နောက်ဆက်တွဲအဖြစ် အခုလို ကျားသားပေါက် တွေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။၂၀၁၈ ခုနှစ်၊ဇန်နဝါရီလက DNP တာဝန်ရှိသူတွေ ကျားဥယျာဉ်ဖြိုခွင်း စဉ်ပန်ဒါနီတွေ၊မီးခိုးရောင်ကျောရိုးရှည်မျောက်တွေနဲ့ ခေါင်းဝါလိပ်တွေအပါအဝင် ကာကွယ်ထိန်းသိမ်းဖို့ သတ်မှတ်ထားတဲ့ တိရိစ္ဆာန်မျိုးစိတ် မျိုးစုံကိုဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ကျားဥယျာဉ်ပိုင်ရှင်ဟာတောရိုင်းတိရိစ္ဆာန်တွေမှောင်ခိုကူးကြောင်းထင်ရှားရင်ပြစ်ဒဏ်အဖြစ်ထောင် ၅ နှစ်အထိကျခံရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly