၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ပုံငွေနဲ့ မြိတ်မြို့အဝင် မုခ်ဦးဝ တည်ဆောက်ဖို့အတွက် မြို့နယ် စည်ပင်သာယာရေးကော်မတီက စီစဉ်နေတယ်လို့ သိရပါတယ်။
အဲဒီ မုခ်ဦးဝ တည်ဆောက်ဖို့ ဒီဇိုင်းရေးဆွဲတာနဲ့ ပတ်သက်ပြီး မြို့ခံပြည်သူတွေရဲ့ အကြံဉာဏ်နဲ့ ဒီဇိုင်းတွေကို ရေးဆွဲစေကာ ပြိုင်ပွဲဝင်စနစ်နဲ့ ရွေးချယ် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။
ရိုက်ကူး/ တည်းဖြတ် / တင်ဆက် - ဒီမိုသွေး (မြိတ်)