ကိုဗစ်ကမ္ဘာ့ကပ်ရောဂါအတွက် ကာကွယ်ဆေးကို ထုတ်ဖို့ ကြိုးစားနေကြတာ အလားအလာကောင်းနေပါတယ်။ ကာကွယ်ဆေး အချက်အလက်တွေကို ပြန်ဆန်းစစ်ပြီးမှတော့ ထုတ်ဝေဖြန့်ချီဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းထားပေမယ့် အိန္ဒိယကုမ္ပဏီတခုကတော့ ဗြိတိန်ဆေးကုမ္ပဏီတခုက စမ်းသပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးကို ကြိုထုတ်ထားပြီး ဖြန့်ချီခွင့်ရတာနဲ့ တပြိုင်တည်း ထုတ်ဝေဖို့ပြင်ဆင်နေပါတယ်။ ဒီလို နိုင်ငံတကာသတင်းတွေအပြင် နောက်ဆုံးရငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေကိုလည်း ဒီဇင်ဘာလ ၁ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။