COVID-19 ကြောင့် သေဆုံးသူ မြင့်မား၍ နယူးဒေလီမှာ သုဿန်မြေ မလောက်တော့မယ့်အထိ ဖြစ်လာ 

COVID-19 ကြောင့် သေဆုံးသူ မြင့်မား၍ နယူးဒေလီမှာ သုဿန်မြေ မလောက်တော့မယ့်အထိ ဖြစ်လာ 

နိုဝင်ဘာ ၂၀ ၊ ၂၀၂၀

အိန္ဒိယနိုင်ငံ နယူးဒေလီက အကြီးဆုံး သုဿန်တွေထဲက သုဿန်တစ်ခုမှာ လူသေအလောင်း မြုပ်နှံဖို့ မြေနေရာဟာ အလျင်အမြန်ပဲ နည်းသထက် နည်းလာနေပါတယ်။ 

နိုင်ငံတွင်းမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ မြင့်မားနေတာကြောင့် ခုလို သုဿန်မြေနေရာ မလောက်ငတော့မယ့်အဖြစ်ထိ ကြုံလာနေတော့တာပဲ ဖြစ်ပါတယ်။ 

“ခုလိုမျိုး လူသေဆုံးနှုန်းကို ဒါပထမဆုံး ကြုံဖူးတာပါပဲ။ နေ့တိုင်းလို ကြုံနေရတာပဲ။”လို့ သုဿန်ကြီးကြပ်ရေးမှူးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် မိုဟာမတ်ရှမ်မမ်းက ပြောပါတယ်။ 

“ပြီးခဲ့တဲ့ တစ်လလောက်ကတော့ မြုပ်နှံပေးရမယ့် လူသေအလောင်းတွေ သိပ်များများစားစား မရောက်လာဘူး။ ဒါပေမယ့် အခုတော့ သေဆုံးသူတွေ များလာပြီး နေ့တိုင်းပဲ အလောင်း နှစ်လောင်း၊ သုံးလောင်းကို မြုပ်နှံပေးနေရတယ်။”လို့ မိုဟာမတ်ရှမ်မမ်းက ပြောပါတယ်။ 

ဒါအပြင် သူက ဆက်လက်ပြီးတော့ “ဒီနှုန်းအတိုင်းသာ သွားနေမယ်ဆိုရင် ကိုဗစ်ကြောင့် သေဆုံးသူတွေကို မြုပ်နှံပေးဖို့ မြေနေရာ ရှိတော့မှာ မဟုတ်ဘူး။ ဒီလမကုန်ခင်မှာပဲ ကျွန်တော်တို့ သုဿန်မြေနေရာသစ်တွေ လိုလာပါလိမ့်မယ်။”လို့ ပြောခဲ့ပါတယ်။ 

သောကြာနေ့မှာ အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနှုန်းဟာ ကိုးသန်းကျော်အထိ ရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေက ဖော်ပြပြီး ကမ္ဘာမှာ အမေရိကန်ပြီးရင် ဒုတိယ ကူးစက်မှုအများဆုံးပဲ ဖြစ်ပါတယ်။ 

စုစုပေါင်း ကူးစက်ဖြစ်ပွားတဲ့ စံချိန်တင် နှုန်းထားဟာ ၉ ဒသမ ၀၀၄ သန်း ရှိနေပြီး သေဆုံးသူဦးရေကတော့ ၁၃၂၁၆၂ ဦးအထိ ရှိပါတယ်။ 

ပညာရှင်အများစုကတော့ အိန္ဒိယဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု နည်းပါးတာကြောင့် ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာ အမှန်နှုန်းထက် နည်းပါးနေနိုင်တယ်လို့ ပညာရှင်အများစုက ယူဆထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly