Misinformation Episode 28 segment 1
Mizzima ကနေတင်ဆက်ပေးနေတဲ့ Misinformation Busters သတင်းအမှားများတိုက်ဖျက်ခြင်း အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ ၈ရက်နေ့ကစလို့ တစ်ပတ်အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းအမှားတွေကို ပြန်လည်တင်ဆက်ပြောပြပေးမှာပါ။
ပထမဦးဆုံးအနေနဲ့ မဲပေးသူ ၂သန်းပိုနေပြီး NLDနဲ့ UECကမဲလိမ်တယ်ဆိုတဲ့ သတင်းအမှားကို အရင်ဆုံးတင်ဆက်ပေးချင် ပါတယ်။
အခုသတင်းအမှားဟာဆိုရင် စုကြည်နိုင်ဆိုတဲ့အကောင့်ကနေ ပုံစံ(၁၉)ဖြင့် လူ ၂-သန်းကျော်ထိ NLDပါတီနှင့်UECလက်ဝါးရိုက်တရားမဝင် မဲလိမ်မှုပေါ်ပေါက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဆက်ကြည့်မယ်ဆိုရင်လည်း မဲပေးခွင့်ရှိသူ ၃၇-သန်းရှိပြီး မဲပေးခဲ့သည့် အရေအတွက်က ၃၉-သန်းကျော်နေတယ်ဆိုပြီးတော့ မတိကျတဲ့အချက်အလက် တွေနဲ့ သတင်းအမှားဖြန့်ဝေထားတာပါ။
ဆုမြတ်မေဇော်ရဲ့ တင်ဆက်မှုကို ရှုစားကြရအောင်ပါ။