ရန်ကုန်၊ နိုဝင်ဘာ ၁၇ ။ ။ သြစတြေးလျနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် Miss Earth 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် Miss Earth Myanmar 2015 အလှမယ် အိမ့်မျက်ခြယ်သည် နိုဝင်ဘာ ၁၇ရက်တွင် သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။
Miss Earth 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် Miss Golden Land Myanmar Organization မှ ရွေးချယ် စေလွှတ်ခြင်း ဖြစ်ပြီး ယခုတစ်ခေါက်သည် ဒုတိယ အကြိမ်မြောက် စေလွှတ်ခြင်းဖြစ်သည်။
Miss Earth Photogenic နှင့် Eco Video Voting အတွက်လည်း အွန်လိုင်း မဲပေးမှုများ စတင်နေပြီဖြစ်ပြီး Miss Earth Photogenic အတွက်ကို http://www.missearth.tv/vote-photogenic.php တွင် vote ပေးနိုင်ပြီး Eco Video Voting အတွက်ကိုတော့ http://www.missearth.tv/vote-ecobeautyvideo.php တွင် vote ပေးနိုင်သည်။
Miss Earth 2015 ပြိုင်ပွဲကို နိုဝင်ဘာလ (၁၈)ရက် မှ ဒီဇင်ဘာလ (၅)ရက် အထိ ကျင်းပမည် ဖြစ်ပြီး ဖိုင်နယ် ပြိုင်ပွဲကို ဒီဇင်ဘာလ (၅)ရက်တွင် ကျင်းပမည်ဖြစ်သည်။ Miss Earth 2014 ပြိုင်ပွဲကို ဖိလစ်ပိုင် နိုင်ငံတွင် နိုဝင်ဘာလ ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အလှမယ် အိမွန်ခိုင်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
Miss Earth 2014 ပြိုင်ပွဲသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးခြင်းနှင့် ပတ်သက်သည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပြီး ပါဝင်သည့် အလှမယ် များမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ နှင့် ပတ်သက်သည့် Eco Beauty documentary ၅မိနစ်စာ ဗီဒီယိုဖိုင်ကို ရိုက်ကူးပြီး ပြသရမည် ဖြစ်သည်။
အလှမယ် အိမ့်မျက်ခြယ်နှင့်အတူ Miss Supranational Myanmar 2015 အလှမယ် Lဘောက်နူးလည်း ပိုလန် နိုင်ငံတွင် ကျင်းပမည့် Miss Supranational 2015 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပိုလန်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
Miss Supranational 2015 ပြိုင်ပွဲ ကို မြန်မာနိုင်ငံမှ တတိယ အကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် ခင်ဝင့်ဝါမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အလှမယ် ဟန်သီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ၂၀၁၅ ခုနှစ်တွင် အလှမယ် Lဘောက်နူး မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။