ကရင်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် NLD ပါတီဦးဆောင်

ကရင်ပြည်နယ်ရှိ မြို့နယ် ၄ ခုတွင် NLD ပါတီဦးဆောင်
ဓာတ်ပုံ - စောတာတူး

နိုဝင်ဘာ ၉ ၊ ၂၀၂၀

ကရင်ပြည်နယ်ရှိ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ မြို့နယ် များ တွေမှာ NLD ပါတီက လွှတ်တော်၃ရပ် ကိုယ်စားလှယ်လောင်းနေရာ တွေအားလုံးမှာ အနိုင်ရရှိနေတယ်လို အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲရလာဒ်ကို လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

ကော့ကရိတ် မဲဆန္ဒနယ်မြေ အမှတ် ၁နယ်မြေ အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၇ခုတွင် ပြိုင်ဘက်ပါတီ USDPနှင့် KNDP ကရင်ပါတီ ၂ခုထက် NLD ပါတီမှ ဆန္ဒမဲ ၇၀ ရာခိုင်နုန်း ခန့်ဖြင့် လွှတ်တော် ၃ရပ် ကိုယ်စားလှယ်လောင်း ၃ဦး စလုံး အနိုင်ရရှိထားပြီဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူများကပြောပါတယ်။

နိုဝင်ဘာ ၉ရက် မနက်ပိုင်း မှာတော့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေက လာရောက်ပို့ဆောင်အပ်နှံရမယ့် မဲစာရင်းတွေ အစုံမရောက်သေးတာကြောင့် မဲရေတွက်မှုကို ဆက်တိုက်မလုပ်နိုင်ဘဲ စောင့်ဆိုင်းလုပ် ဆောင်နေရတယ်လို့ ကော့ကရိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူ ဦးသန်းဦးက ပြောပါတယ်။

ရပ်၊ကျေး ကော်မရှင်အဖွဲ့ခွဲတွေက ပေးပို့လာမယ့် ဆန္ဒမဲတွေစုံလင်လာပါက နိုင်ငံရေးပါတီ များမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ/၎င်းတို့ ၏ မဲရုံ စောင့်ကြည့်ကိုယ်စားလှယ်များ
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ/သတင်းမီဒီယာများရှေ့မှောက်မှာ ဆန္ဒမဲများကို ဖွင့်ဖောက်ရေတွက်ပြီး ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်လောင်းစာရင်းကို ထုတ်ပြန်ကြေညာ မှာဖြစ်တယ်လို့ ဦးသန်းဦး က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required