ဒီနှစ် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကြိတ်အနယ် ရှိမယ်လို့ ယူဆရတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာက တစ်ခု အပါအဝင်ဖြစ်ပါတယ်။
လက်ရှိအာဏာရပါတီ NLD ကနေ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ဝင်ပြိုင်မယ့် နော်လှလှစိုးနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက နော်အုန်းလှတို့ရဲ့ ယှဉ်ပြိုင်မှုဟာ အကြိတ်အနယ်ရှိနေပါတယ်။
ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ကိုယ်စားလှယ်လောင်းနှစ်ဦး သက်ဆိုင်ရာ မဲဆန္ဒနယ်တွေကို ကွင်းဆင်းလေ့လာပြီး အခက်အခဲတချို့ကို ကူညီဖြေရှင်းခဲ့ပါတယ်။
ရိုက်ကူး - အုပ်မှူးဇော်
တည်းဖြတ် - ဇောမင်းထွေး
တင်ဆက် - ကျော်ဇောဟိန်း