ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှောက်စကား မြွက်ကြား

ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှောက်စကား မြွက်ကြား

တိဗက်ဘုန်းတော်ကြီး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒလိုင်းလားမားက အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုချီးမြှောက်စကား ပြောကြားခဲ့သည်။

တိဗက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြည်သူတို့၏ လိုအင်တောင့်တဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်က ဖြည့်ဆည်းပေးမည် မျှော်လင့်ကြောင်း ဂုဏ်ပြုသတင်းစကားပါးရာတွင် ထည့်သွင်းပြောကြားသည်။

"ယုံကြည်မှုကို အခြေတည်ပြီး ရွေးကောက်တင်မြှောက်တဲ့ ပြည်သူပြည်သားတွေရဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒရည်မှန်းချက်တွေကို သင့်အနေဖြင့် ဖြည့်ဆည်းပေးစွမ်းနိုင်ပါလိမ့်မယ်။"ဟု ဂုဏ်ပြုစာလွှာတွင် ဖော်ပြထားသည်။

"ယခုရွေးကောက်ပွဲကား မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင်ပင် ဖြစ်တယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ အဖက်ဖက်က ကြီးစွာဆန္ဒရှိကြပြီး ကမ္ဘာအနှံ့ကလည်း ထောက်ပံ့လျက်ရှိပါတယ်။ အကျွနု်ပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး စိတ်ဆန္ဒများနဲ့ ဒီအခွင့်အရေးကို ပါတီအဖွဲ့အစည်းများအားလုံးက ပါဝင်ဖော်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်ယူဆပါတယ်။"ဟု ဘုန်းတော်ကြီးက ဆိုသည်။

ထို့ပြင် အစောပိုင်းက ကိုယ်တိုင်ကိုယ်ကျ ဒလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှစ်ဦး တွေ့ဆုံခဲ့ချိန်က မွတ်စလင်များအရေးအပါအဝင် မြန်မာနိုင်ငံရင်ဆိုင်နေရသည့် ပြဿနာများအား ဆွေးနွေးခဲ့သည်များကိုလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်အား အသိပေးခဲ့သည်။

မြန်မာနိုင်ငံအား ဦးဆောင်တည်ဆောက်သွားရာတွင် ပြဿနာစိန်ခေါ်မှုများစွာကို ရင်ဆိုင်ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာကြံ့ခိုင်ပါစေကြောင်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ဆုတောင်းပေးခဲ့သည်။

Ref: NDTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required