အမေရိကန်သံရုံးက လာမည့်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လှူဒါန်းခဲ့တဲ့ ဒေါ်လာ၄၆သန်းကို လက်ရှိအာဏာရပါတီက ထုတ်သွားတယ်ဆိုတဲ့ သတင်းအမှားကိုပြောပြပေးချင်ပါတယ်။
ဒီသတင်းကိုတော့တိုင်းကျော်ဆိုတဲ့ သတင်းမီဒီယာပုံစံ ဖေ့စ်ဘုတ်ပေ့ချ်က စတင်ဖြန့်ဝေခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ ပြီးနောက် အခုလိုသတင်းအမှားထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးမြင့်နိုင်က ဒေါ်လာ၄၆သန်းမှာ တစ်ဒေါ်လာတောင်မရရှိခဲ့ပါဘူးလို့ သတင်းထောက်တစ်ယောက်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဲဒီဖြေကြားချက်အပေါ်မူတည်ပြီး သတင်းအမှားပုံစံ ဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်။
ဆုမြတ်မေဇော်ကဆက်လက်တင်ဆက်ပေးမှာပါ။