၂၀၁၅ ခုနှစ် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ခြင်းလုံးပြိုင်ပွဲ ဒီဇင်ဘာတွင် ပြုလုပ်မည်

၂၀၁၅ ခုနှစ် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ခြင်းလုံးပြိုင်ပွဲ ဒီဇင်ဘာတွင် ပြုလုပ်မည်
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် မိုးရာသီOoredoo ဖလားခြင်းလုံးပြိုင်ပွဲမှ ပြိုင်ပွဲဝင် အမျိုးသားအသင်းတစ်သင်းသား ယှဉ်ပြိုင်စဉ်။ (ဓာတ်ပုံ - ရဲဟိန်း)

နိုဝင်ဘာ ၁၀၊ ရန်ကုန်။            ။ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ခြင်းလုံးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပေးလျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွက် အဖွဲ့ ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်ရန် ရှိနေသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ရန် ရှိနေသော အဆိုပါအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားခြင်းလုံးပြိုင်ပွဲတွင် ဆုကြေးငွေများကို ထိုက် ထိုက်တန်တန် ချီးမြှင့်လေ့ရှိသည်။

 ' ဒီဇင်ဘာမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲ လုပ်ဖို့ရှိပါတယ်။ အာရှပွဲနဲ့တော့ နီးသွားပါတယ်။ ပြိုင်ပွဲရက်နဲ့ နေပြည်တော်မှာ လုပ်ဖြစ်မလား၊ ရန်ကုန်မှာ လုပ်ဖြစ်မလားဆိုတာ အစည်းအဝေးပြီးရင် သိရမှာပါ'ဟု မြန်မာ နိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ၂ ဦးကိုကိုအောင်က မဇ္ဈိမသို့ ပြောသည်။

အလားတူ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ လည်း ဒုတိယအကြိမ် အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၂၇ ရက်၌ နေပြည်တော်တွင် ပြုလုပ်ရန် ရှိနေ သည်။

ထို့ကြောင့် ၂၀၁၅ ခုနှစ် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ခြင်းလုံးပြိုင်ပွဲမှာလည်း ဒီဇင်ဘာလတွင် နေပြည်တော်၌ ပြုလုပ်ဖြစ်ပါ က နေပြည်တော် ပြည်တွင်း ခြင်းလုံးပြိုင်ပွဲနှင့် နိုင်ငံတကာ ခြင်းလုံးပြိုင်ပွဲ နှစ်ပွဲ ဆက်မည်ဖြစ်သည်။

 ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ် ရန်ရှိသည့် ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အာရှဖိတ်ခေါ်ခြင်းလုံးပြိုင်ပွဲတွင် ဘရာဇီး၊ ပါကစ္စတန်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူစသည့် နိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်ရန် ကနဦး စာရင်းပေးသွင်းထားသည်။

ထို့ပြင် မြန်မာ့ရိုးရာခြင်းလုံးကစားနည်းသည် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်မည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ပိုက်ကျော်ခြင်းကစားနည်းအောက်မှ ထပ်မံပါဝင်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required