အသက် ၁၂ နှစ်နှင့် ကလေးများလည်း လူကြီးများနည်းတူ နှာခေါင်းစည်း တပ်သင့်ဟု WHO ပြော

အသက် ၁၂ နှစ်နှင့် ကလေးများလည်း လူကြီးများနည်းတူ နှာခေါင်းစည်း တပ်သင့်ဟု WHO ပြော

ဩဂုတ် ၂၃

COVID-19 ကပ်ဘေးအား ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူ ဖြစ်စေရန် အသက် ၁၂ နှစ်နှင့် အထက် ကလေးများအနေဖြင့် တစ်တန်းတည်းသော အခြေအနေများအောက်တွင် လူကြီးများနည်းတူပင် နှာခေါင်းစည်း တပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ‌ပြောသည်။

အာမခံ စိတ်ချရခြင်းမရှိသည့် အခြားသောသူများနှင့် တစ်မီတာအကွာအဝေးတွင် ရှိသောအချိန်နှင့် ဗိုင်းရပ်စ် ကူးစက်မှု အဖြစ်များသော ဧရိယာများတွင် အသက် ၁၂ နှစ်နှင့် အထက် ကလေးများသည် အထူးသဖြင့် နှာခေါင်းစည်း တပ်သင့်သည်ဟု WHO ဝက်ဘ်ဆိုက်တွင် ဩဂုတ် ၂၁ ရက်က ထုတ်ပြန်ချက်၌ WHO နှင့် ကုလသမဂ္ဂကလေးငယ်များ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်တို့က ဖော်ပြထားသည်။

အသက် ၆ နှစ်မှ ၁၁ ကြား ကလေးများ နှာခေါင်းစည်း တပ်သင့်၊ မတပ်သင့်မှာ ကူးစက်မှု ပြင်းထန်သော ဧရိယာများ၊ ကလေးငယ်များ၏ နှာခေါင်းစည်း တပ်ဆင်တတ်နိုင်မှု၊ နှာခေါင်းစည်း ရရှိမှုနှင့် လူကြီးများ၏ ကြီးကြပ်မှုများ အပါအဝင် အချက်အလက် တော်တော်များများပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ယင်း အဖွဲ့နှစ်ရပ်က ဆိုသည်။

သင်ယူမှုနှင့် စိတ်ပညာ-လူမှုဖွံ့ဖြိုးမှုတို့အပေါ် ဖြစ်လာနိုင်သော သက်ရောက်မှုများ၊ ဖျားနာမကျန်းဖြစ်မည့် ဘေးများသော လူများနှင့် အတူရှိနေသော ကလေးငယ်များ စသည်တို့ကိုလည်း အဓိကကျသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ငါးနှစ်နှင့် အောက် ကလေးငယ်များကမူ ဘေးကင်းလုံခြုံရေးကို အခြေတည်ပြီး နှာခေါင်းစည်းတပ်ရန် လိုအပ်လိမ့်မည်မဟုတ်ဟု WHO နှင့် ယူနီဆက်ဖ်တို့က ဆိုသည်။

သုတေသနများအရ ကောက်ချက်ချထားသည်မှာ ပို၍ အသက်ကြီးသော ကလေးများသည် ငယ်သော ကလေးများထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွင် ပို၍ အဓိကကျသည့် နေရာမှ ပါဝင်နေသည်ဟု ယင်း အဖွဲ့နှစ်ရပ်က ပြောသည်။

COVID-19 ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွင် ကလေးငယ်များနှင့် မြီးကောင်ပေါက်များ၏ အခန်းကဏ္ဍကို ပိုမို သိရှိနားလည်ရန် အချက်အလက်များ ပို၍ လိုအပ်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly